သီပေါမြို့နယ်၌ ကြက်များတင်ဆောင်လာသည့် ကားတစ်စီး တိမ်းမှောက်မှုကြောင့် အမျိုးသား(၃)ဦး ထိခိုက် ဒဏ်ရာရရှိ
သန့်ဇင် (NSS) - နိုဝင်ဘာ ၁ဝ
ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ မန္တလေး-လားရှိုးလမ်းပေါ်၌ ကြက်များတင်ဆောင်လာသည့် ကားတစ်စီး တိမ်းမှောက်မှုကြောင့် အမျိုးသား (၃)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း နယ်စည်းမခြား ပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့(နိုဝင်ဘာလ ၉ ရက်)၊ ညနေ ၄ နာရီ ၃ဝ မိနစ်အချိန်တွင် သီပေါမြို့နယ်၊ ပန်ဆောက်ကျေးရွာအနီး၊ (၉)မိုင်လမ်းခွဲ၊ မန္တလေး-လားရှိုးကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဖြစ်စဉ်တော့ အတိအကျတော့ မသိခဲ့ရဘူး။ ကြက်တွေတင်လာတဲ့ကားလို့ပဲ သိရတယ်။ ကားပေါ်မှာ ပါလာတဲ့ အမျိုးသား(၃)ဦးလုံး ထိခိုက်ကြတာပါ။ မစိုးရိမ်ရပါဘူး” ဟု နယ်စည်းမခြားပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်မှလိုက်ပါလာသည့် အသက်(၄ဝ)အရွယ် အမျိုးသားတစ်ဦးတွင် ယာလက်ကျိုး ထိခိုက်ဒဏ်ရာ ၊ အသက်(၃ဝ)နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ဦးခေါင်းပေါက်ဒဏ်ရာ နှင့် ကျန် အသက်(၃ဝ)နှစ်ဝန်းကျင် အမျိုးသားတစ်ဦတွင် ဝမ်းဗိုက်ထိခိုက်ဒဏ်ရာတို့ ရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၃)ဦးအား နယ်စည်းမခြားပရဟိတလူမှုကူညီရေးအသင်းမှ သီပေါ မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် လားရှိုးမြို့နယ်ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟောင်ကောင်မှာ အာဖရိက ဝက်အပြင်းဖျားရောဂါ တွေ့ရှိခြင်းကြောင့် ဝက်ကောင်ရေ ၅,၆ဝဝ ကို ရှင်းလင်း
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း