တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ နှင့် နယ်စပ်ချင်းထိနေသည့်နေရာများတွင် တည်ငြိမ်ရေး နှင့် လုံခြုံရေးလုပ်ဆောင်သွားမည်ဟုဆို
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁ဝ
မြန်မာနိုင်ငံ နှင့် နယ်စပ်ဒေသများကိုလုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်တန့်စေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁ဝ ရက်တွင် ထပ်မံတိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။
ကိုးကန်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ တအောင်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့သည် အောက်တိုဘာ ၂၇ ရက်တွင် မြန်မာတပ်မတော်စခန်းများကို သိမ်းပိုက်ကာ တရုတ်နိုင်ငံ နှင့် မြန်မာနိုင်ငံ ကြား အဓိကကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ထားသည်ဟု သိရသည်။
တရုတ်အစိုးရက မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကို အဆုံးသတ်ရန် ထပ်မံတောင်းဆိုကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံကို တိုက်တွန်း တောင်းဆိုကြောင်း၊ တိုက်ပွဲများကြောင့် ထိခိုက်သေဆုံးမှုများ ထပ်မံမဖြစ်စေရန် တားဆီးစေလိုကြောင်း တရုတ်အစိုးရက ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဝမ်ဝမ်ဘင်းက "မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အလွန်အမင်း စိုးရိမ်မိပါတယ်။ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ နဲ့ အပစ်ခတ်ရပ်စဲဖို့ လက်နက်ကိုင်ပဋိပက္ခတွေမှာ ပါဝင်နေတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တောင်းဆိုပါတယ်။ နယ်စပ်ဒေသရှိ တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ ဘေးကင်းလုံခြုံမှုရှိစေဖို့ နဲ့ ထိန်းသိမ်းနိုင်ဖို့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်စေလိုပါတယ်" ဟု ပြောသည်။
တရုတ်အစိုးရသည် တိုက်ပွဲများဖြစ်ပွားနေသည့် မြန်မာနိုင်ငံဘက်ခြမ်းရှိ နေရာအချို့ကို ခရီးမသွားရန် တရုတ်နိုင်ငံသားများကို ပြီးခဲ့သောရက်ပိုင်းတွင် တိုက်တွန်းပြောဆိုထားကြောင်း သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong သည် ပြီးခဲ့သောသီတင်းပတ်က မြန်မာနိုင်ငံသို့လာရောက်ကာ မြန်မာအစိုးရတာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သီပေါမြို့နယ်၌ ကြက်များတင်ဆောင်လာသည့် ကားတစ်စီး တိမ်းမှောက်မှုကြောင့် အမျိုးသား(၃)ဦး ထိခိုက် ဒဏ်ရာရရှိ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ