မြန်မာ-ရုရှားကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ နစကဥက္ကဋ္ဌနှင့် ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၏ အမှုဆောင်အရာရှိချုပ်တို့ဆွေးနွေး
ကျော် (NSS) - နိုဝင်ဘာ ၉
နစ ဥက္ကဋ္ဌ နှင့် ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက်ရင်း နှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ အမှုဆောင်အရာရှိချုပ် Mr. Alexander Sergeevich SHATIROV တို့တွေ့ဆုံကာ မြန်မာ-ရုရှား နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
အမှုဆောင်အရာရှိချုပ် Mr. Alexander Sergeevich SHATIROV သည် နိုဝင်ဘာ ၉ ရက်မွန်းလွဲပိုင်းက နစက ဥက္ကဋ္ဌအား နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံးဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် ရုရှား-မြန်မာနှစ်နိုင်ငံကြား စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာမှု၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံမှတွင်းထွက်သတ္တုများထုတ်လုပ်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ စွမ်းအင် ထုတ်လုပ်ရေး၊ သဘာဝသယံ ဇာတများထိန်းသိမ်းနိုင်ရေးနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ ထုတ်လုပ်ရေး၊ မြန်မာနိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်ထုတ်လုပ်၍ ရုရှားနိုင်ငံသို့ တင်ပို့နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရေးနှင့်ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် နစကဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ် Mr. Alexander Sergeevich SHATIROV တို့သည် အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းမြောက်တိုက်ပွဲများနှင့် တပ်မတော်က ရင်ဆိုင်နေရတဲ့ စစ်မျက်နှာများ (PK Show)
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း