ရွှေဘိုမြို့နယ်၌ သားဖ(၂)ဦးမောင်းနှင်လာသည့် Light Truck ကားကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်
NSS - နိုဝင်ဘာ ၆
မန္တလေးတိုင်း၊ ရွှေဘိုမြို့နယ်တွင် သားဖ(၂)ဦးမောင်းနှင်လာသည့် Light Truck ကားကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော နိုဝင်လာ ၃ ရက်၊ နံနက် ၉ နာရီခန့်က ရွှေဘိုမြို့နယ်၊ မင်းရွာအနီး၊ မန္တလေး-ရွှေဘိုကားလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာတွင်နေထိုင်သည့် ကိုနန်းဝင်း(၂၃)နှစ်သည် ဖခင်ဖြစ်သူ ဦးဖိုးချင်း (၄၃)နှစ်နှင့်အတူ Light Truckကားဖြင့် အထက်ပါကားလမ်းအတိုင်းမောင်းနှင်လာစဉ် လမ်း၏ ယာဘက်ရှိ ယာခင်းအတွင်းမှ PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုသို့သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကိုနန်းဝင်းတွင် ဝဲနားထင် ကျည်ရှပ်ထိ၊ ယာလက်ဖျံ ကျည်ရှပ်ထိနှင့် ဦးဖိုးချင်း၏ ဝဲယာလက်တို့၌ ကျည်ရှပ်ထိဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အထက်ပါပစ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသား(၂)ဦးမှာ ရွှေဘိုခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းမြောက်၌ လက်ရှိဖြစ်ပွားနေသည့်အကြမ်းဖက်လုပ်ရပ်များကို ရုပ်ရှင်လောကသားများက လက်မခံဟု ပြန်ကြားရေးဝန်ကြီး ပြော
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း