ရှမ်းမြောက်၌ လက်ရှိဖြစ်ပွားနေသည့်အကြမ်းဖက်လုပ်ရပ်များကို ရုပ်ရှင်လောကသားများက လက်မခံဟု ပြန်ကြားရေးဝန်ကြီး ပြော
Pearl (NSS) - နိုဝင်ဘာ ၆
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက်လုပ်ရပ်များကို ရုပ်ရှင်လောကသားများက လက်မခံဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ပြောသည်။
ယမန်နေ့ (နိုဝင်ဘာလ ၅ ရက်) က ရန်ကုန်မြို့၌ကျင်းပသော ၂ဝ၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့်ပတ်သက်၍ ဒုတိယအကြိမ် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေး၌ ပြန်ကြားရေးဝန်ကြီးဦးမောင်မောင်အုန်းက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်ရှိဖြစ်ပွား နေသည်မှာ လက်နက်ကိုင်အဖွဲ့သုံးဖွဲ့ပူးပေါင်း၍ အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပြီး ရုပ်ရှင်လောကသားများအနေဖြင့် အဆိုပါလုပ်ရပ်များအပေါ် လက်မခံကြောင်း ပြောကြားသည်။
ထို့အတူ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေကြသူများထံ စာများ ရေးသားပေးပို့ခြင်း၊ သဝဏ်လွှာ များ ပေးပို့ခြင်း၊ ကူညီထောက်ပံ့မှုများပေးခြင်း နှင့် အဆင်ပြေသည့်အချိန်တွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေကြသူများ နှင့် မိသားစုဝင်တို့ကို အနုပညာရှင်များက သွားရောက်ဖျော်ဖြေခြင်းများ ဆောင်ရွက်ရန် လည်း ထည့်သွင်းမှာကြားခဲ့သည်။
၂ဝ၁၉၊ ၂ဝ၂ဝ၊ ၂ဝ၂၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်နိုင်ခဲ့၍ ရုပ်ရှင် လုပ်ငန်းများ ပုံမှန်နီးပါးဖြစ်လာခဲ့ပြီး ယခုကျင်းပမည့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကြီးကို အဆင့်အတန်း မီစွာ ကျင်းပနိုင်ရန် စီမံဆောင်ရွက်မည်ဟု ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်။
ယင်းနေ့ ညနေပိုင်းတွင်လည်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် နှင့် Borderless Broadcast Co;Ltd မှ ဥက္ကဋ္ဌတို့က DTH လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
အလားတူ ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင် နှင့် Hey Play Co; Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးထက်ခိုင်ဝင်းတို့ က MRTV Far mers’ Channel နှင့် Sports Channel များအား အဆင့်မြှင့်တင်ထုတ်လွှင့်မှု (Channel Rebranding) လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မည့် တိုင်း/ပြည်နယ်(၁၁)မှ သမဝါယမအသင်းသား (၇ဝဝ)ကျော်အတွက် ချေးငွေကျပ်သန်း ၅ဝဝ ကျော် လျာထား
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ