ဂါဇာဒေသမှာဖြစ်နေတဲ့ စစ်ပွဲအဆုံးမသတ်ဘူးဆိုရင် အမေရိကန်နိုင်ငံအနေနဲ့ ဆိုးရွားတဲ့အကျိုးဆက်တွေ ပြန်ရင်ဆိုင်ရဖွယ်ရှိတယ်လို့ အီရန်စစ်ဘက် သတိပေး
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၆
ပါလက်စတိုင်းဒေသမှာဖြစ်ပွားနေတဲ့ ရန်လိုတိုက်ခိုက်မှုတွေ အဆုံးမသတ်ဘူးဆိုရင် အမေရိကန်နိုင်ငံဟာ ဆိုးရွားတဲ့အကျိုးဆက်တွေကို ပြန်လည်ရင်ဆိုင်ရွယ်ရှိနေကြောင်း အီရန်ကာကွယ်ရေးဝန်ကြီး က ထုတ်ဖော်သတိပေးလိုက်ပါတယ်။
အီရန်ကာကွယ်ရေးဝန်ကြီး Mohammad-Reza Ashtiani က "အမေရိကန်နိုင်ငံကို အကြံပေးလိုတယ်။ ဂါဇာဒေသ မှာဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်နေတဲ့စစ်ပွဲကို ရပ်တန့်အောင် ချက်ချင်း လုပ်ဆောင်ရမယ်။ အပစ်ခတ်ရပ်စဲရေးအကောင်အထည်ဖော်ဖို့ လုပ်ဆောင်ရမယ်။ အဲဒီလိုမျိုးမလုပ်ဆောင်ဘူး ဆိုရင် အမေရိကန်နိုင်ငံဟာ ခက်ခဲမှုတွေ ရင်ဆိုင်ရဖွယ်ရှိနေတယ်" လို့ ပြောပါတယ်။
အီရန်အစိုးရဟာ အမေရိကန်နိုင်ငံဟာ ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အရှေ့အလယ် ပိုင်းဒေသမှာ တင်းမာမှုအရှိန်ပိုမိုမြင့်တက်လာအောင် လုပ်ဆောင်နေကြောင်း စွပ်စွဲခဲ့ပါတယ်။ အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ Nasser Kanaani က အစ္စရေးဟာ အမေရိကန်နိုင်ငံရဲ့အပြည့်အဝ ကူညီထောက်ခံပေးမှုနဲ့အတူ စစ်ရာဇဝတ်မှုတွေ၊ မျိုးသုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေကြောင်း ပြောပါတယ်။
အမေရိကန်နိုင်ငံဟာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်အောင် အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင် အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲကို ယာယီအပစ်ခတ်ရပ်စဲဖို့ တောင်းဆိုချက်တွေကို ငြင်းဆန်ပယ်ချထားကြောင်း သိရပါတယ်။ အီရန်နိုင်ငံရဲ့အကူအညီတွေရရှိထားတဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို အောက်တိုဘာ ၇ ရက်က စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာဒေသမှာ စစ်ပွဲစတင်ဖြစ်ပွားခဲ့ရာ အစ္စရေးနိုင်ငံသား ၁၄ဝဝ ကျော် နဲ့ ပါလက်စတိုင်းလူမျိုး ၉ဝဝဝ ကျော် သေဆုံးထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေဘိုမြို့နယ်၌ သားဖ(၂)ဦးမောင်းနှင်လာသည့် Light Truck ကားကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ