ကုန်သွယ်မှုများတွင် အမေရိကန်ဒေါ်လာအစား ပြည်တွင်းသုံးငွေကြေးများအသုံးပြုရန် ထိုင်းဗဟိုဘဏ်အဆိုပြု
Pika (NSS) - နိုဝင်ဘာ ၃
ထိုင်းဘဏ်သည် နိုင်ငံတကာမိတ်ဖက်များနှင့် ကုန်သွယ်ရာ၌ အမေရိကန်ဒေါ်လာအစား ပြည်တွင်းသုံးငွေကြေးများကိုသာအသုံးပြုရန် ထောက်ခံခဲ့ကြောင်း ငွေကြေးတည်ငြိမ်မှုဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ လက်ထောက်အုပ်ချုပ်ရေးမှူး Alisara Mahasantana က ပြောကြားခဲ့သည်။
ကုန်သွယ်မှုများတွင် ပြည်တွင်းသုံးငွေကြေးများကို အသုံးပြုခြင်းသည် မကြာသေးမီက (၉)ရာခိုင်နှုန်း နီးပါးရောက်ရှိခဲ့သော အမေရိကန်ဒေါ်လာဈေးအတက်အကျကြောင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ပြည်တွင်းသုံးငွေကြေးများ အသုံးပြုခြင်း၏ ရည်မှန်းချက်မှာ ထိုင်းစီးပွားရေးလုပ်ငန်းများကို ကုန်စည် နှင့် ဝန်ဆောင်မှုများအတွက် ပေးချေမှုများနှင့်ပတ်သက်ပြီး အခြားရွေးချယ်စရာတစ်ခုပေးရန်အတွက် ဖြစ်ကြောင်း Alisara Mahasantana က ပြောဆိုခဲ့သည်။
၎င်းက "အမေရိကန်ဒေါ်လာဈေးမတည်မငြိမ်ဖြစ်နေတဲ့အချိန်အတွင်း ထိုင်းစီးပွားရေးလုပ်ငန်းတွေဟာ ပေးချေမှုတွေအတွက် အခြားပြည်တွင်းသုံးငွေကြေးတွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဒါဟာ ငွေလဲနှုန်းနဲ့ဆက်စပ်တဲ့ အန္တရာယ်တွေကို လျှော့ချပေးမှာဖြစ်ပြီး ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့ ညှိနှိုင်းမှုတွေကို ပိုမိုလွယ်ကူလာစေမှာပါ"ဟု ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လတွင် အင်ဒိုနီးရှား၊ မလေးရှား နှင့် ထိုင်းနိုင်ငံတို့သည် ၎င်းတို့ကြားကုန်သွယ်မှုများတွင် ပြည်တွင်းသုံးငွေကြေးများ အသုံးပြုခြင်းကိုမြှင့်တင်ရန် သုံးနိုင်ငံသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။ အဆိုပါသဘောတူညီချက်သည် ပြည်တွင်းသုံးငွေကြေးများကို အသုံးပြုကာ ကုန်သွယ်မှုများကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း သုံးနိုင်ငံ ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နည်းပြတန်ဟက်နေရာတွင် အစားထိုးမှုများ လုပ်ဆောင်ရန် မန်ယူအသင်းတာဝန်ရှိသူများ စဉ်းစားနေဟုဆို
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း