အင်းစိန်မြို့နယ်၌ အောက်ဆိုက်ကား နှင့် ကုန်ကားတို့ တိုက်မိခဲ့ရာ လူ(၁၁)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
စော(NSS) - အောက်တိုဘာ ၃၀
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် အောက်ဆိုက်ကားနှင့် ကုန်ကားတို့ တိုက်မိခဲ့ရာ လူ (၁၁)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၃၀ ရက်)၊ မွန်းလွဲ (၁၁)နာရီဝန်းကျင်အချိန်တွင် အင်းစိန်မြို့နယ်၊ တညင်းကုန်းဈေးဝင်ပေါက်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ရှင်သန်ရေးအသင်းထံမှ သိရသည်။
“ဖြစ်စဉ်ပြီးမှရောက်တာမို့ ဘယ်လိုဖြစ်လဲ မသိလိုက်ဘူး။ ကြားတာတော့ Light Truck အောက်ဆိုက်ကားကို နောက်က ဆယ်ဘီးကုန်ကားက ဝင်တိုက်သွားတယ်ပြောတယ်။ ကျွန်တော်တို့သယ်လာတဲ့လူနာ(၅)ဦးက စိုးရိမ်ရတယ်။ ကလေးတွေရော အသက်ကြီးပိုင်းတွေရော အားလုံးလူ (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်”ဟု ပြန်လည်ရှင်သန်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ယာဉ်တိုက်မှုကြောင့် ကလေးငယ် (၂)ဦး အပါအဝင် အမျိုးသား (၄)ဦး နှင့် အမျိုးသမီး (၅)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများကို အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ မြောက်ပိုင်းရှိ အွန်လိုင်းလောင်းကစား နှင့် လိမ်လည်မှုများကို ယခုနှစ်ကုန်တွင် အမြစ်ပြတ်ချေမှုန်းမည်ဟု နစက သတိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း