ရန်ကုန်မြို့၌ ငွေကျပ် ၁ ဒသမ ၃၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်သည့် ကား(၂)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့
သန့်ဇင် (NSS) - အောက်တိုဘာ ၂၈
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် ငွေကျပ် ၁ ဒသမ ၃၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်သည့် ကား(၂)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သော အောက်တိုဘာလ ၂၁ ရက်၊ နံနက် ၈ နာရီအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၆)ရပ်ကွက်၊ ရတနာပုံလမ်းတွင် စတင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းပေါ်တွင် သော်တာလင်းမောင်းနှင်လာသည့် Changhe အမျိုးအစားကားအား သတင်းအရ ရှာဖွေစစ်ဆေးခဲ့ရာ ကားပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား (၂)သိန်းတွေ့ရှိသိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းနောက် ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၈ နာရီခွဲအချိန်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ စက်မှုဇုန်၊ (၁၇/၁၄၄) ရပ်ကွက်၊ အနော်ရထာလမ်းရှိ နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ လွှဲပြောင်းပေးအပ်သူ မျိုးမင်းပိုင်ကို ၎င်းမူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် Light Truck ကားတစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဆက်လက်ဖော်ထုတ်ချက်အရ သော်တာလင်း ငှားရမ်းထားသည့် မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာကားဝင်ရှိ အခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၅ သိန်းကို ထပ်မံသိမ်းဆည်းရမိခဲ့ရာ စုစုပေါင်းငွေကျပ် ၁ ဒသမ ၃၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၅ သိန်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၂)ဦးအား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ အရအမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထာသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး၏မြေပြင်ထိုးစစ်ဆင်မှုတွေက အရှေ့အလယ်ပိုင်းဒေသမှာ ဘေးဒုက္ခဆိုးကြီးဖြစ်လာမည်ကို ဆော်ဒီအာရေဗျနိုင်ငံ စိုးရိမ်နေ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း