အစ္စရေး၏မြေပြင်ထိုးစစ်ဆင်မှုတွေက အရှေ့အလယ်ပိုင်းဒေသမှာ ဘေးဒုက္ခဆိုးကြီးဖြစ်လာမည်ကို ဆော်ဒီအာရေဗျနိုင်ငံ စိုးရိမ်နေ
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၈
ဆော်ဒီအာရေဗျနိုင်ငံက ဂါဇာဒေသကို အစ္စရေး၏ မြေပြင်ထိုးစစ်ဆင်နွှဲမှုများနှင့်ပတ်သက်ပြီး စိုးရိမ်မှုဖြစ်ရကြောင်း၊ အစ္စရေး၏လုပ်ရပ်က အရှေ့အလယ်ပိုင်းဒေသအတွင်း ကြီးမားသော ဘေးဒုက္ခဖြစ်လာဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသားမိုဟာမက်ဒ် ဘယ်ဆယ်လ်မန်သည် ပြီးခဲ့သောရက်ပိုင်းတွင် အမေရိကန်လွှတ်တော်အမတ်များဖြင့်တွေ့ဆုံဆွေးနွေးချိန်အတွင်း ယင်းကဲ့သို့ထုတ် ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဒီမိုကရက်တစ်ပါတီ၏အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သော ရစ်ချက် ဘလူးမန်တယ်က "ဆော်ဒီအာရေဗျ ခေါင်းဆောင်တွေဟာ ဂါဇာဒေသအပေါ် ပြုလုပ်မယ့်အစ္စရေးရဲ့ မြေပြင်ထိုးစစ်ဆင်မှုတွေကို ရှောင်ရှားစေလိုတယ်။ ဘာကြောင့်လဲဆိုရင် ဒေသအတွင်းတည်ငြိမ်မှုတွေနဲ့ အသက်အိုးအိမ်စည်းစိမ်များစွာဆုံးရှုံးရဖွယ်ရှိနေတာကို မလိုလားတဲ့အတွက်ဖြစ်တယ်"ဟု ပြောသည်။
ထို့ပြင် အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ လင်ဆေးဂရေဟမ်ကလည်း ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသားသည် အစ္စရေး နှင့် ဟားမက်စ်ကြားဖြစ်ပွားနေသည့် စစ်ပွဲက အရှေ့အလယ်ပိုင်းဒေသအတွင်းပဋိပက္ခဖြစ်ပွားမှုများ နက်ရှိုင်းလာမည့်အချက်နှင့်စစ်ပွဲအချိန်ပိုကြာမည့်အချက်ကို တားဆီးစေလိုကြောင်း ထပ်မံပြောဆိုထားသည်။
ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသားသည် ပြီးခဲ့သောရက်ပိုင်းတွင် အမေရိကန်သမ္မတ နှင့် တိုက်ရိုက်ဖုန်းဆက်ပြောဆိုခဲ့ပြီး အစ္စရေးနှင့်ဟားမက်စ်အဖွဲ့ကြား စစ်ပွဲက အရှေ့အလယ်ပိုင်းဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးအပေါ် များစွာသက်ရောက်မှုရှိလာမည်ကို စိုးရိမ်နေကြောင်း ပြောဆိုခဲ့သည်။ အမေရိကန်နိုင်ငံသည် အစ္စရေးကို ကူညီထောက်ပံ့ပေးမှုများပြုလုပ်မည်ဟု ကတိပြုထားကြောင်းသိရသည်။ ဆော်ဒီအာရေဗျနိုင်ငံ၏အိမ်ရှေ့မင်းသားက စစ်ပွဲကို ပိုမိုမကျယ်ပြန့်စေရန် တားဆီးရန် လိုအပ်ကြောင်း၊ အခြားနိုင်ငံများ နှင့် အခြားအဖွဲ့အစည်းများသည် စစ်ပွဲထဲ တိုက်ရိုက်ပါဝင်ပတ်သက်လာဖွယ်ရှိနေကြောင်း အမေရိကန်သမ္မတကို သတိပေးပြောဆိုခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်နေသော ရန်ကုန်အခြေစိုက်ကုမ္ပဏီတစ်ခုကို ဝင်စီးခဲ့ရာ လူ(၁၀၀)နီးပါး ဖမ်းဆီးရမိဟု နစကထုတ်ပြန်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ