နိုင်ငံနစ်နာစေရန် ဆောင်ရွက်နေသော လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို စစ်မှုထမ်းဟောင်းအဖွဲ့ပြင်းထန်စွာကန့်ကွက်
မြူနစ် (NSS) - အောက်တိုဘာ ၂၈
နိုင်ငံနစ်နာစေရန် ရည်ဆောင်ရွက်နေသော လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က သဘော ထားထုတ်ပြန်လိုက်သည်။
စစ်မှုထမ်းဟောင်းအဖွဲ့သည် ယမန်နေ့(အောက်တိုဘာလ ၂၇ ရက်)ညပိုင်းတွင် ၎င်းတို့၏ သဘောထားကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA တို့သည် ယမန်နေ့ (အောက်တိုဘာလ ၂၇ ရက်) နံနက်အစောပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ လောက်ကိုင်၊ သိန္နီ၊ ကွတ်ခိုင် နှင့် လားရှိုးမြို့တို့ရှိ လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
ပြည်တွင်းမငြိမ်မသက်ဖြစ်စေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုများဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လက်နက်ကိုင်သောင်းကျန်းသူအချို့သည် ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်းမြို့နယ်များရှိ နေရာအချို့ကို တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူအချို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်ဟု စစ်မှုထမ်း ဟောင်းအဖွဲ့က ဆိုသည်။
ထို့ကြောင့် အပြစ်မဲ့ပြည်သူများကို ထိခိုက်ပျက်စီးစေရန်နှင့် နိုင်ငံနစ်နာစေရန် ရည်ရွယ်ဆောင်ရွက်နေသော လက်နက်ကိုင်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်ဟု မြန်မာနိုင်ငံစစ်မှုထမ်းဆောင်အဖွဲ့က သဘောထားထုတ်ပြန်ထားသည်။
အလားတူ အထက်ပါလုပ်ရပ်များနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ကလည်း ကန့်ကွက်ရှုတ်ချကြောင်း အသီးသီး သဘောထားထုတ်ပြန်ခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်များ၏ လုံခြုံရေးစခန်းများကို (၁၀၂၇ စစ်ဆင်ရေး)အမည်ဖြင့် MNDAA၊ TNLA၊ AA မဟာမိတ်(၃)ဖွဲ့က ယမန်နေ့တွင် အပြင်းအထန်ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့၌ ငွေကျပ် ၁ ဒသမ ၃၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်သည့် ကား(၂)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ