ရဲတပ်ဖွဲ့ဝင် (၂)ဦးကို PDF ပူးပေါင်းအဖွဲ့က စောင့်ကြိုတိုက်ခိုက်သတ်ဖြတ်မှု ချောင်းဦးမြို့နယ်၌ ဖြစ်ပွား
မြူနစ် (NSS) - အောက်တိုဘာ ၂ဝ
ရဲတပ်ဖွဲ့ဝင် (၂)ဦးကို PDF ပူးပေါင်းအဖွဲ့က စောင့်ကြိုတိုက်ခိုက်သတ်ဖြတ်မှု စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာ ၁၉ ရက်) နံနက် ၇ နာရီအချိန်ခန့်တွင် ချောင်းဦးမြို့နယ်၊ ကံဇီးကျေးရွာအနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကံဇီးကျေးရွာအား အခြေပြုကာ လုံခြုံရေးဆောင်ရွက်နေသည့်အဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ထွန်းကျော်စွာနှင့် အောင်ဆန်းမြင့်တို့ (၂) ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ဆိုင်ကယ်တစ်စီးဖြင့် ၎င်းကျေးရွာ၏ အနောက်ဘက်သို့ ထွက်ခွာသွားခဲ့မှုရှိကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NP News ကို ပြောသည်။
ထိုသို့ ထွက်ခွာသွားစဉ်အချိန်တွင် PDF အဖွဲ့များ၏ စောင့်ကြိုတိုက်ခိုက်သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း လည်း ၎င်းက ထပ်မံပြောသည်။
အလားတူ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အထက်ပါရဲတပ်ဖွဲ့ဝင် (၂)ဦးကို မုံရွာခရိုင် PDF တပ်ရင်း(၅)၊ တပ်ရင်း (၇)၊ တပ်ရင်း (၂၅) နှင့် တပ်ရင်း (၂၈)တို့က စောင့်ကြိုကာ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာခရိုင် PDF တပ်ရင်း (၅)က ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
၎င်းကဲ့သို့ စောင့်ကြိုတိုက်ခိုက်စဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ပြီး ကျန်ရဲတပ်ဖွဲ့ဝင် တစ်ဦးသည်လည်း ရရှိခဲ့သောဒဏ်ရာများဖြင့်ပင် ထပ်မံသေဆုံးသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ရဲတပ်ဖွဲ့ဝင် (၂)ဦးထံမှ သေနတ်(၂)လက်၊ ကျည်အိမ်(၅)ခု၊ ကျည်ဆံ (၁၅ဝ) အပါအဝင် အခြားသော ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်ဟုလည်း မုံရွာခရိုင် PDF တပ်ရင်း(၅)က ဆိုသည်။
လက်ရှိ နစကအစိုးရလက်ထက်တွင် ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်ခံရမှုများကြောင့် ရဲတပ်ဖွဲ့ဝင်ဦးရေ (၅ဝဝ) ခန့် သေဆုံးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲက အချိန်ကြာဖွယ်ရှိနေဟု အစ္စရေးဝန်ကြီးပြော
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း