အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲက အချိန်ကြာဖွယ်ရှိနေဟု အစ္စရေးဝန်ကြီးပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂ဝ
ဟားမက်စ် နဲ့ အစ္စရေးကြားဖြစ်ပွားလျက်ရှိနေတဲ့စစ်ပွဲဟာ မကြာမီပြီးဆုံးမှာ မဟုတ်ဘဲ အချိန်အတန်ကြာဖွယ်ရှိနေကြောင်း အစ္စရေးဝန်ကြီးတစ်ဦးဖြစ်တဲ့ ဘန်နီဂန့်ဇ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
၎င်းဟာ ဟားမက်စ်နဲ့ အစ္စရေးတို့ စစ်ပွဲစတင်ခဲ့ပြီးနောက် အရေးပေါ်ဖွဲ့စည်းခဲ့တဲ့ အစ္စရေးအဖွဲ့ရဲ့ဝန်ကြီးတစ်ဦးဖြစ်သလို ကာကွယ်ရေးဝန်ကြီးဟောင်းတစ်ဦးဖြစ်ပါတယ်။ အစ္စရေးအပေါ် ရန်လိုမှုတွေဟာ ဂါဇာဒေသကို ကျော်လွန်ပြီး ပိုမိုဖြစ်လာဖွယ်ရှိနေကြောင်း၊ စစ်ပွဲအချိန်အတန်ကြာဖွယ်ရှိနေကြောင်း ၎င်းက ပြောပါတယ်။
၎င်းက "စစ်ပွဲနဲ့ တိုက်ခိုက်မှုတွေဟာ ဂါဇာဒေသတောင်ပိုင်းမှာဖြစ်တယ်။ လိုအပ်မယ်ဆိုရင်မြောက်ပိုင်းနဲ့ အခြား နေရာတွေအထိ ကူးစက်ပျံ့နှံ့လာဖွယ်ရှိနေတယ်။ အစ္စရေးရဲ့ရည်ရွယ်ချက်က ဟားမက်စ်အဖွဲ့ကို အနိုင်ရဖို့သာမက ဂါဇာဒေသတောင်ပိုင်းတစ်ခုလုံးကို သိမ်းပိုက်ဖို့ပါ။ ကျွန်တော်တို့ဟာ စစ်ပွဲမှာ အနိုင်ရပြီးနောက် ပြန်လည်တည်ဆောက်မှုတွေ လုပ်ဆောင်သွားမှာပါ" လို့ ပြောပါတယ်။
ဂါဇာဒေသကို အစ္စရေးတပ်ဖွဲ့များ မြေပြင်ထိုးစစ်ဆင်နွဲချိန်မှာ ခက်ခဲမှုများ ရင်ဆိုင်ရဖွယ်ရှိနေကြောင်း စီအိုင်အေ အကြီးအကဲဟောင်းတစ်ဦးဖြစ်တဲ့ ဒေးဗစ်ပီတာရက်စ်က ပြောပါတယ်။
၎င်းက "ကျွန်တော်တို့ဟာ အသေခံဗုံးခွဲတာတွေ၊ ပေါက်ကွဲစေတဲ့ပစ္စည်းတွေနဲ့ တိုက်ခိုက်တာတွေ၊ ချုံခိုတိုက်ခိုက်တာတွေ အများကြီးတွေ့မြင်ရဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။
ဟားမက်စ်အဖွဲ့ဟာ အစ္စရေးကိုအောက်တိုဘာ ၇ ရက်က စတင်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်စစ်ပွဲစတင်ခဲ့ပြီး အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို ဗုံးကြဲတိုက်ခိုက်နေပြီး မြေပြင်ထိုးစစ်ဆင်နွှဲဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ ဂါဇာဒေသမှာပြုလုပ်နေတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ နိုင်ငံတွေက စိတ်ဆိုးဒေါသဖြစ်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
KTV တွင် လုပ်ရမည်ဆိုကာ အမျိုးသမီးတစ်ဦးအား ပြည့်တန်ဆာလုပ်ငန်းသို့ ပို့ဆောင်၍ ငွေကြေးခေါင်းပုံဖြတ်သူများကို ထောင်ဒဏ် အသီးသီးချမှတ်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ