အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ဖမ်းဆီးထားတဲ့ အစ္စရေးလူမျိုးတွေကို ကွပ်မျက်သွားတော့မယ်လို့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ သတိပေး
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁ဝ
အစ္စရေးဟာ ကြိုတင်သတိပေးချက်မရှိဘဲ ပါလက်စတိုင်းအိမ်ယာတွေအပေါ် ဗုံးကြဲတိုက်ခိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ချိန်တိုင်း ပြန်ပေးဆွဲခံထားရတဲ့ အစ္စရေးတစ်ဦးချင်းစီကို ကွပ်မျက်ပြသွားမှာဖြစ်ကြောင်း ဟားမက်စ်အဖွဲ့က သတိပေးလိုက်ပါတယ်။
အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို ဝန်းရံပိတ်ဆို့မှုတွေချမှတ်ခဲ့သလို အရန်တပ်ဖွဲ့ဝင် ၃ သိန်း ထပ်မံခေါ်ယူ လိုက်ပြီးနောက် ဟားမက်စ်အဖွဲ့က အခုလိုမျိုးသတိပေးခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာ ၇ ရက်က ဟားမက်စ် အဖွဲ့ဟာ အစ္စရေးကို ကြိုတင်သတိပေးချက်မရှိဘဲအလစ်ငိုက် ဝင်တိုက်ခဲ့ပြီးနောက် အစ္စရေးနဲ့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြားတိုက်ပွဲစတင်ခဲ့ရာ နှစ်ဖက်သေဆုံးသူအရေအတွက် အနည်းဆုံး ၁၅ဝဝ ကျော် သေဆုံးထားကြောင်း သိရပါတယ်။
အဆိုပါသေဆုံးထားသူတွေထဲမှာ အစ္စရေး အရေအတွက် ပိုများနေပြီး အစ္စရေးလူမျိုး အနည်းဆုံး ၉ဝဝ သေဆုံးကာ ၂၆ဝဝ ကျော် ဒဏ်ရာရထားကြောင်း သိရပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက "ရန်သူတွေဟာ စစ်ပွဲ ကို လိုလားနေသူဖြစ်တယ်။ အဲဒီအတွက် ရန်သူတွေဟာ စစ်ပွဲကို ရင်ဆိုင်ကြရမယ်" လို့ ပြောပါတယ်။
ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးက အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားတိုက်ပွဲတွေ စတင်ခဲ့ပြီးနောက် အစ္စရေးရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းအနည်းဆုံး ၆၈၇ ဦးသေဆုံးကာ ၃၇၂၆ ဦး ဒဏ်ရာရခဲ့ ကြောင်း ပြောပါတယ်။ ဟားမက်စ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူက "ဒါဇင်နဲ့ချီ ဖမ်းဆီးခံထားရတဲ့သူတွေထဲမှာ ပါဝင်တဲ့ အစ္စရေးတွေကို သတ်ပြမယ်။ အစ္စရေးဟာ ကြိုတင်သတိပေးချက်မရှိဘဲ အရပ်သားအိမ်တွေကိုဗုံးတစ်ခါ ကြဲချိန်တိုင်း အစ္စရေးတစ်ဦးကို ကွပ်မျက်မယ်။ အဲဒီကွပ်မျက်မှုတွေကို ရုပ်သံရိုက်ကူးထုတ်လုပ်မယ်" လို့ ပြောပါတယ်။
ဟားမက်စ်ဟာ အစ္စရေးနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးစစ်သားတွေ အပါအဝင် လူပေါင်း ၁ဝဝ ကျော်ကို ဓါစားခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်ခံရမှုတွေကြောင့် ဗလီ၊ ဆေးရုံ တွေ ပျက်စီးခဲ့သလို လမ်းတွေ၊ အိမ်တွေလည်း ပျက်စီးခဲ့ကာ ဆက်သွယ်ရေးဌာနချုပ်လည်း ဗုံးထိမှန် ပျက်စီးခဲ့ပြီး အင်တာနက်လိုင်းတွေ၊ ဖုန်းလိုင်းအဆက်အသွယ်ပြတ်တောက်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-10 / 11:30 AM)
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း