Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘင်္ဂလားဒေ့ရှ်၏ နျူကလီခေတ် စတင်တော့မည်

Htay Oung (NSS) - အောက်တိုဘာ ၇

ရွတ်ပူး နျူကလီယာဓာတ်အားပေးစက်ရုံစီမံကိန်း ဖွံ့ဖြိုးရေးမှာ ရုရှားနိုင်ငံမှ ပထမဆုံး အသုတ်ပေးပို့လိုက်တဲ့ ယူရေနီယံလောင်စာကို လက်ခံရရှိပြီဖြစ်ကြောင်း၊ ယခုအခါ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဟာ နျူကလီယာကို နိုင်နင်းစွာကိုင်တွယ်ဆောင်ရွက်နိုင်တဲ့ ကမ္ဘာ့ ၃၃ နိုင်ငံမြောက်တိုင်းပြည်ဖြစ်လာကြောင်း၊ ဒီအတွက် အလွန်ဂုဏ်ယူဝမ်း မြောက်မိတယ်လို့ Dhaka Tribune က ယမန်နေ့ (အောက်တိုဘာလ ၆ ရက်)တွင် ရေးသားပါတယ်။


ဘင်္ဂလားဒေ့ရှ် ရင်ဆိုင်နေရတဲ့ အပြင်းထန်ဆုံး စိန်ခေါ်မှုများအနက် စက်မှုလုပ်ငန်းများ တိုးတက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အဟန့်အတားပြုနေတဲ့ စွမ်းအင်လိုအပ်မှုလည်း ပါ၀င်ပါတယ်။ ရွတ်ပူးနျူကလီယာဓာတ်အားပေးစက်ရုံဟာ အဲ့ဒီကွာဟချက်ကို ပေါင်းကူးပေးပြီး စွမ်းအင်ဖူလုံမှုခေတ်သစ်ကို ပို့ဆောင်ဖို့အတွက် အသင့်ရှိနေပြီလို့ ဒါကာအခြေစိုက် သတင်းအေဂျင်စီက ဆိုပါတယ်။

၂၀၄၁ ခုနှစ်အရောက် နိုင်ငံတော်စွမ်းအင်လိုအပ်ချက် စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကို သန့်ရှင်းစွမ်းအင်မှထုတ်ယူရန် ဘင်္ဂလားဒေ့ရ်ှအစိုးရရဲ့ ကတိက၀တ်မှာ ရွတ်ပူးဓါတ်အားပေးစက်ရုံဟာ စံနမူနာပြ တစ်ခုဖြစ်ပါတယ်။ ရာသီဥတုဖောက်ပြန်မှုနဲ့ လုံးထွေးရင်ဆိုင်နေရဆဲ ကမ္ဘာကြီးမှာ ယခုနျူကလီယားဓာတ်အားပေးစက်ရုံဟာ တိုင်း ပြည်ရဲ့ ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုအားထားမှုကို သိသိသာသာ လျှော့ချပေးနိုင်မှာဖြစ်ကြောင်း၊ ကမ္ဘာ့လေထုအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချနိုင်ပြီး၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံရဲ့ တစ်နေ့တစ်ခြား ဆိုး ရွားလာနေတဲ့ လေထုအရည်အသွေးဟာ ပိုမိုကောင်းမွန်တိုးတက်လာဖွယ် ရှိနေပါတယ်။

စီးပွားရေးလုပ်ငန်းများအတွက်တည်ငြိမ်ပြီး ၀န်းကျင်သဘာ၀နဲ့ ဆီလျော်တဲ့ စွမ်းအင်ရင်းမြစ် တည်ဆောက်မှု ပံ့ပိုးပေးခြင်း၊ အဲ့ဒီလုပ်ငန်းမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်ခြင်းတို့ဟာ တိုက်ရိုက်ရော သွယ်ဝိုက်သော နည်းလမ်းဖြင့် အလုပ်အကိုင်သစ်များကို ဖန်တီးပေးနိုင်ပါတယ်။ စီးပွားရေးဖွံံဖြိုးတိုးတက်မှုကို တွန်းအား ပေးမယ့် အလားအလာများနဲ့အတူ နောက်ဆက်တွဲ ကောင်းကျိုးရလဒ်တွေဟာ ဖော်ပြလို့ မရနိုင်လောက် များပြားပါတယ်။ နျူကလီယာစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဟာ ဆန်းသစ်တီထွင်မှုနဲ့ အသိဉာဏ် ပညာအခြေခံ စက်မှုလုပ်ငန်းများကို မြှင့်တင်ပေးမယ့် သိပ္ပံနဲ့ နည်းပညာဆိုင်ရာ တိုးတက်မှုကို တွန်းအားပေးပါလိမ့်မယ်။

တောင်အာရှနိုင်ငံအတွက် အကျိုးရလဒ်များပြားတဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမှာ ရွတ်ပူး ဓာတ်အားပေးစက်ရုံဟာ နောက်ထပ် ပမာတစ်ခုဖြစ်ပြီး၊ အဲ့ဒီ ပူးပေါင်းဆောင်ရွက်မှုဟာ ရုရှားနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး နိုင်ငံ့စီးပွားရေးကဏ္ဍအသီးသီးကို အကျိုးပြုနိုင်တဲ့ အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုများအတွက် လမ်းခင်းပေးနေပါတယ်။

နျူကလီယာဓါတ်အားပေးစက်ရုံ စီမံကိန်း ပြီးစီးရန် အချိန်နီးကပ်လာသည်နှင့်အမျှ လုံခြုံဘေးကင်းရေး အစီအမံများကို တင်းကြပ်ရမှာဖြစ်ပြီး၊ စက်ရုံဘေးကင်းစွာ လည်ပတ်ရေး အစီအစဉ်များအကြောင်း နိုင်ငံသားလူ့အဖွဲ့အ စည်းအတွင်း လူထုအသိပညာပေး ဆောင်ရွက်နေခြင်းဟာ အလွန်ဆီလျော်ပါတယ်။ ယခုပရောဂျက်ရဲ့ အကျိုး ကျေးဇူးများဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ပိုမိုထွန်းလင်းတောက်ပစေပြီး နိုင်ငံ့နေရာအနှံ့အပြားအရောက် ပိုမိုသာယာဝပြောတဲ့ အနာဂတ်ထံ တွန်းပို့ပေးနိုင်တော့မှာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရ်ှသတင်းစာက ဆိုပါတယ်။

ဒါကာမြို့အနောက်ဘက် ၈၇-မိုင်ခန့်အကွာ ပက်ဒနာမြစ်ကမ်းနဖူးမှာ တည်ရှိတဲ့ ရွတ်ပူး နျူကလီယာဓါတ်အားပေး စက်ရုံစီမံကိန်းမှာ ၂ ဒသမ ၄ ဂီဂါ၀ပ် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးနိုင်မယ့် အဏုမြူဓါတ်ပေါင်းဖို ၂ လုံး ပါ၀င်ပါတယ်။ VVER-1200/523 အင်အားရှိတဲ့ ပထမဆုံး ဓါတ်ပေါင်းဖိုကို လာမယ့် ၂၀၂၄ ခုနှစ်မှာ စတင်လည်ပတ် နိုင်ဖို့အတွက် ပင်မဆောက်လုပ်ရေးမှာ ရုရှားကျွမ်းကျင်သူ ၂၅၀၀ ဦးအပါအ၀င် စုစုပေါင်း ၀န်ထမ်းဦးရေ ၁၂,၅၀၀ တို့က နေ့ဆိုင်း ညဆိုင်းခွဲပြီး အပူတပြင်း လုပ်ကိုင်နေကြပါတယ်။

ဘင်္ဂလားဒေ့ရှ် အဏုမြူစွမ်းအဆင်ကော်မရှင်နဲ့ ရုရှားနိုင်ငံပိုင် ရော့စ်အက်တမ်အမျိုးသား နျူကလီယာစွမ်းအင် အေဂျင်စီတို့ ပူးပေါင်းတည်ဆောက်လျှက်ရှိတဲ့ စီမံကိန်းမှာ ပထမဓါတ်ပေါင်းဖို တစ်ခုတည်းနဲ့တင် နိုင်ငံစွမ်းအင်လိုအပ်ချက် ၁၅% ကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ AP (6 October 2023) က ရေးသားပါတယ်။

၂၀၂၇ ခုနှစ်မှာ စတင်ပေးချေရမယ့် နှစ် ၂၀ ကျော်ကြာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃၈ ဘီလျံ ချေးငွေအစီအစဉ်နဲ့ ရုရှားနိုင်ငံက ပံ့ပိုးပေးခြင်းဖြစ်ပြီး စီမံကိန်း တစ်ခုလုံးမှာ နေအိမ်အဆောက်အအုံပေါင်း ၁၅ သန်းကို လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်ဖို့ တွက်ချက်တည်ဆောက်နေခြင်း ဖြစ်ပါတယ်။

(AP., 6 October 2023,” Bangladesh gets first uranium shipment from Russia for its Moscow-built nuclear power plant” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပါမောက္ခချုပ်ဆရာတော်ကြီး၏ အစ်မတော် သီလရှင်ဆရာကြီးဒေါ်ကဉ္စနာ၏ အန္တိမအဂ္ဂိဈာပနအခမ်းအနား ယနေ့ပြုလုပ်

RELATED POSTS
RECENT POSTS
အကြောတင်းတင်းနဲ့ ထုတ်ပြန်လာတဲ့ TNLA ရဲ့ ထုတ်ပြန်ချက်၊ UWSA "၀" ကို ရက် သတ်မှတ်ပေးလိုက်တဲ့ ထိုင်း တပ်မတော်၊ မုံရွာနဲ့ ချောင်းဦးက PDF တွေ အလင်းဝင်စေဖို့ ပြည်ပြေးခေတ်သစ်တို့က ထပ်ဆင့်လှုံ့ဆော်ပေးနေ၊ မတ္တရာ-စဥ့်ကူး-သပိတ်ကျင်း လမပိုင်း ယာယီပိတ်တဲ့ မန္တလေး PDF (၂၅-၁၁-၂ဝ၂၄)
25 Nov 2024
နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း TNLA ထုတ်ပြောလာ
25 Nov 2024
ပခုက္ကူမြို့တွင် ဆယ်တန်းကျောင်းသူတစ်ဦး အိမ်သာအတွင်း မြွေကိုက်ခံရ၍ သေဆုံး
25 Nov 2024
စက်သုံးဆီသယ်ယာဉ်များအတွက် ရေနံနှင့်ရေနံထွက်ပစ္စည်း သယ်ယူပို့ ဆောင်ခြင်း လက်မှတ်ထုတ်ပေးမည်
25 Nov 2024
အမေရိကန်အစိုးရအသစ်လက်ထက်မှာ ယူကရိန်းစစ်ပွဲကို အမြန်ဆုံးအဆုံးသတ်အောင် လုပ်ဆောင်သွားမယ်လို့ မိုက်ဝေါလ်ပြော
25 Nov 2024
လမ်းသွားလမ်းလာများထံမှ ဖုန်းလုယက်မှုအကြိမ်ကြိမ်ကျူးလွန်ခဲ့သူနှင့် သက်သေခံပစ္စည်းများ လက်ခံဝယ်ယူခဲ့သူတို့ကို ဖမ်းဆီးရမိ
25 Nov 2024
ဖလမ်းမြို့ခံများကို အကြမ်းဖက်များက မြို့တွင်းမှမောင်းထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေဟု ဒေသခံများ ဆို
25 Nov 2024
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved