ဒေါပုံမြို့နယ်၌ ပျဉ်ထောင်အိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ရာမှ အနီးရှိ တိုက်ခန်းတစ်ခန်းအား မီးကူးဆက်လောင်ကျွမ်းမှုဖြစ်ပွား
သန့်ဇင် (NSS) - အောက်တိုဘာ ၇
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်တွင် ပျဉ်ထောင်အိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ရာမှ အနီးရှိ တိုက်ခန်းတစ်ခန်းအား မီးကူးဆက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုသည် ယမန်နေ့ (အောက်တိုဘာလ ၆ ရက်)၊ ည ၈နာရီ ၄၅မိနစ်အချိန်တွင် ဒေါပုံမြို့နယ်၊ မြို့သစ်ရပ်ကွက်၊ မင်္ဂလာသီရိလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း ရှင်သန်ရေးလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဘယ်လိုကြောင့်လောင်တာလဲတော့ ကျွန်တော်တို့လဲမသိလိုက်ရဘူးပေါ့နော်။ စလောင်တာကတော့ ပျဉ်ထောင်အိမ်ကစလောင်တာပါ။ လောင်ပြီးတော့ ဘေးနာက (၇)လွှာတိုက်က ဒုတိယအလွှာကိုမီးထပ်ကူးတာပေါ့နော်”ဟု ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ တာဝန် ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါမီးလောင်မှုကြောင့် (၂)ထပ်ပျဉ်ထောင်အိမ်တစ်လုံး မီးလောင်ပျက်စီးသွားခဲ့ပြီး ၎င်းအိမ်မှတစ်ဆင့်မီးကူးရာမှ ဘေးချင်းကပ်အထပ်မြင့်တိုက် ဒုတိယထပ်တိုက်ခန်းအတွင်းရှိ ပစ္စည်းများမီးလောင်သွားခဲ့ကြောင်း သိရသည်။
“စလောင်တဲ့ ပျဉ်ထောင်အိမ်ကတော့ ပြာကျသွားတယ်ပေါ့။ တိုက်ခန်းကတော့ အတွင်းပိုင်းတွေလောင်သွားပါတယ်။ မီးလောင်မှုကြောင့် လူထိခိုက်တာတော့မရှိပေမဲ့ ကူညီရေးအသင်းသား(၃)ယောက်တော့ မီးခိုးမွှန်တာတွေ နဖူးကွဲတာတွေရှိခဲ့ပါတယ်” ဟု ၎င်းကဆက်လက် ပြောသည်။
ထို့နောက် ၎င်းမီးလောင်မှုအား ဒေါပုံမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အခြားလူမှုကူညီရေးအသင်းမှပူးပေါင်းကာ (၁)နာရီခန့် မီးငြှိမ်းသတ်ခဲ့ရပြီး ဖြစ်စဉ်နှင့်ပတ်သတ်၍ ပျက်စီးဆုံးရှုံးမှုတန်ဖိုးများအား မီးသတ်တပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားဒေ့ရှ်၏ နျူကလီခေတ် စတင်တော့မည်
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း