CSO များအနေဖြင့် "ဒလန်" ခေါင်းစဉ်တပ်၍ အသတ်ခံရသူများ၏ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကိုပါ ထည့်သွင်းပြောကြားမှသာလျှင် တရားမျှတမှု/မှန်ကန်မှုရှိမည်ဟု မြန်မာသံအမတ်ပြော
Pearl (NSS) – အောက်တိုဘာ ၅
CSO များအနေဖြင့် ဒလန်ဆိုသည့် ခေါင်းစဉ်တပ်၍ အသတ်ခံရသူများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကိုပါ ထည့်သွင်းပြောကြားမှသာလျှင် လူ့အခွင့်အရေး ရှုထောင့်အရ တရားမျှတမှု/မှန်ကန်မှု ရှိမည်ဖြစ်ကြောင်း ဘယ်လ်ဂျီယံနိုင်ငံ နှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်က ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၃)ရက်က ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ အီးယူကော်မ ရှင်ရုံး၌ကျင်းပခဲ့သည့် (၅)ကြိမ်မြောက်အာဆီယံ-အီးယူလူ့အခွင့်အရေးဆိုင်ရာ မူဝါဒရေးရာ ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားထားခြင်း ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲကို အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) ၏ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံမှ Ms. Yuyun Wahyuningrum (human rights activist) နှင့် အီးယူ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Eamon Gilmore တို့မှ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အလားတူ AICHR ၊ အီးယူ နှင့် အရပ်ဘက်အဖွဲ့အစည်း (CSO) များအကြား မျက်နှာချင်း ဆိုင် အစည်းအဝေးကို အဆိုပါနေ့တွင် တစ်ဆက်တည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲ၌ မြန်မာနိုင်ငံလူ့အခွင့်အရေးနှင့်ပတ်သက်၍ CSO များ၏ ပြောကြားချက်ကို တုန့်ပြန်ပြောကြားရာ၌ ပြီးခဲ့သည့် (၂)နှစ်ကျော် ကာလအတွင်း ဒလန်ဆိုသည့် ခေါင်းစဉ်တပ်၍ အသတ်ခံရသူများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကိုပါ ထည့်သွင်းပြောကြားမှသာလျှင် လူ့အခွင့်အရေးရှုထောင့်အရ တရားမျှတမှု/မှန်ကန်မှု ရှိမည်ဖြစ်ကြောင်း မြန်မာသံအမတ်ကြီးက ပြောသည်။
CSOs များအနေဖြင့် အခြေအနေတစ်ခုလုံးကို ခြုံငုံသုံးသပ်ခြင်းမပြုဘဲ အစုအဖွဲ့တစ်ခုနှင့် ယင်းတို့ကို ထောက်ခံသူများ၏ ပြောကြားချက်ကိုသာ အခြေခံရပ်တည်ပြီး echo chamber effect ၌ပျော်မွေ့နေပါက လူ့အခွင့်အရေးကိစ္စရပ်တွင် self-satisfying purpose အတွက် ဆောင်ရွက်နေသည်ဟုသာ ထင်မြင်မိကြောင်း ၎င်းက ဆက်လက်ပြောကြားထားသည်။
ဆက်လက်၍ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးအားနည်းကြောင်း ထပ်တလဲလဲပြောဆိုနေသည့်တိုင် ယင်းနှင့်ပတ်သက်၍ မြန်မာ့သမိုင်းကြောင်းကိုအခြေခံသည့် လက်တွေ့ကျသော အဆိုပြုချက်များ တင်သွင်းနိုင်ခြင်းမရှိဘဲ မြန်မာနိုင်ငံဥပဒေအရ တည်ဆဲအဖွဲ့အစည်းကိုယ်စားလှယ်ကို ဆွေးနွေးဘက်အဖွဲ့အဖြစ် တရားဝင်လက်ခံရန် ငြင်းပယ်နေခြင်းဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားထားသည်။
အဆိုပါ လုပ်ရပ်သည် မြန်မာနိုင်ငံ၏ လက်ရှိတွေ့ကြုံနေရသော အခက်အခဲများကို ဖြေရှင်းရာတွင် ရေရှည်တည်တံ့၍ ဆွေးနွေးညှိနှိုင်းမှုကို အခြေခံသည့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း သံအမတ်ကြီးက ဆက်လက်ပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချခြင်းမျိုးမရှိကြောင်း အင်ဒိုနီးရှားနိုင်ငံပိုင် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ တုံ့ပြန်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း