မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချခြင်းမျိုးမရှိကြောင်း အင်ဒိုနီးရှားနိုင်ငံပိုင် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ တုံ့ပြန်
ဂျန်ဇက် (NSS) - အောက်တိုဘာ ၅
အင်ဒိုနီးရှားနိုင်ငံပိုင် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Defend ID က မြန်မာနိုင်ငံမှာ အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းများ ရောင်းချခြင်းမရှိကြောင်း တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံပိုင် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးအဖွဲ့အစည်းသုံးခုဟာ မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်း များ ရောင်းချခဲ့ကြောင်း လူအခွင့်ရေးအဖွဲ့အစည်းများက စွပ်စွဲပြောဆိုခဲ့ပြီးနောက် အင်ဒိုနိးရှား Defend ID က ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
အင်ဒိုနီးရှား Defend ID ရဲ့လက်အောက်ခံကုမ္ပဏီတွေဖြစ်တဲ့ PT Len Industri ၊ PT Dirgantara Indonesia နဲ့ PT PAL Indonesia တို့ဟာ မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချခြင်းမလုပ်ဖို့ တားမြစ်ပိတ်ပင် ထားတဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်တွေကို အပြည့်အဝလိုက်နာကြောင်း ပြောပါတယ်။
အင်ဒိုနီးရှား Defend ID က "PT Pindad ဟာ မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချတာမျိုး မရှိဘူး။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းများ မရောင်းချဖို့ တားမြစ်ပိတ်ပင်ခဲ့ပြီးနောက် PT Pindad ဟာ မြန်မာနိုင်ငံကိုစစ်လက်နက်ပစ္စည်းများ မရောင်းချတော့ဘူး" လို့ သတင်းထုတ်ပြန်ထား ပါတယ်။
အဆိုပါ အင်ဒိုနိးရှားစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံကို ၂ဝ၁၆ ခုနှစ်က စစ်လက်နက်ပစ္စည်းများကို နောက်ဆုံးထား တင်ပို့ရောင်းချခဲ့ဖူးကြောင်း ဆိုပါတယ်။
ဒါ့အပြင် PT Dirgantara Indonesia နဲ့ PT PAL တို့ဟာလည်း မြန်မာနိုင်ငံ နဲ့ စစ်လက်နက်ပစ္စည်း အရောင်း အဝယ်စာချုပ် ချုပ်ဆိုခြင်းမျိုးမရှိကြောင်း Defend ID က သတင်းထုတ်ပြန်ထားပါတယ်။ အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်း Marzuki Darusman က အင်ဒိုနိးရှားစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတွေဟာ မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချနေတယ်လို့ မကြာသေးမီက စွပ်စွဲဝေဖန်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နည်းပညာနှင့်တီထွင်ဆန်းသစ်မှုဆိုင်ရာ ထုတ်ကုန်များပါဝင်ပြသနိုင်မည့် World Design Assembly Tokyo တွင် မြန်မာနိုင်ငံမှ ပါဝင်ပြသရန်ဖိတ်ခေါ်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ