အနောက်အုပ်စုနိုင်ငံတွေနဲ့ နျူကလီးယားစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရမယ်လို့ အမေရိကန်စစ်ဘက်အရာရှိဟောင်း သတိပေး
ဂျန်ဇက် (NSS) - အောက်တိုဘာ ၅
အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ဥရောပမှာ နျူကလီးယားလက်နက်များ အသုံးပြုဖို့ ကြိုတင်ပြင်ဆင်ထားရမယ်လို့ နေတိုးအဖွဲ့ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
နေတိုးအဖွဲ့ဝက်ဆိုက်ဟာ အမေရိကန်စစ်ဘက်အရာရှိဟောင်း Gregory Weaver ရေးသားတဲ့ ဆောင်းပါးကို ၎င်းတို့ဝက်ဆိုက်ပေါ်မှာတင်ပြီး သတိပေးထားတာဖြစ်ပါတယ်။ အမေရိကန်စစ်ဦးစီးချုပ်အတွက် နျူကလီးယားနဲ့ ဒုံးကျည်ကာကွယ်ရေးဆိုင်ရာ အကြံပေးအဖြစ် တာဝန်ယူခဲ့ဖူးသူ Gregory Weaver က ၎င်းရဲ့ဆောင်းပါးထဲမှာ ရုရှားနိုင်ငံအပေါ်ပြုလုပ်မယ့် ကန့်သတ်နျူကလီးယားစစ်ပွဲမှာအနိုင်ရဖို့ ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ကြောင်း၊ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး အမေရိကန် နဲ့ တရုတ်နိုင်ငံကြား ထိပ်တိုက်တွေ့ဆုံလာမယ်ဆိုရင် စစ်ပွဲမှာ ဥရောပတိုက်ဘက်ကို ကူးစက်လာဖွယ်ရှိနေကြောင်း ဖော်ပြထားပါတယ်။
အနောက်အုပ်စုနိုင်ငံတွေအနေနဲ့ နျူကလီးယားစစ်ပွဲအတွက် စိုးရိမ်ကြောက်ရွံ့နေမယ့်အစား စစ်ပွဲကို ရင်ဆိုင်နိုင်အောင် ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ကြောင်း၊နေတိုးအုပ်စုဟာ ရုရှားရဲ့တိုက်ခိုက်မှုတွေကို တားဆီးနိုင်ဖို့ နျူကလီးယားလက်နက်တွေကို တိုက်လေယာဉ်တွေ၊ ရေငုပ်သင်္ဘောတွေမှာ တပ်ဆင်လေ့ကျင့်ထားရမှာဖြစ်ကြောင်း အမေရိကန်စစ်ဘက်အရာရှိဟောင်းရဲ့ဆောင်းပါးထဲမှာ ထည့်သွင်းရေးထားပါတယ်။
၎င်းက "နေတိုးအုပ်စုတွေဟာ ကိုယ်ပိုင်နျူကလီးယားလက်နက်တွေနဲ့ စစ်ရေးတိုက်ပွဲတွေမှာ ထိရောက်အောင် အသုံးချနိုင်ဖို့ အပြည့်အဝပြင်ဆင်ထားရမှာဖြစ်တယ်" လို့ ပြောပါတယ်။
ရုရှားနိုင်ငံရဲ့နျူကလီးယားကြေညာစာတမ်းထဲမှာ နိုင်ငံပိုင်နက်၊ အခြေခံအဆောက်အဦးများကို နျူကလီးယားလက်နက်များ အသုံးပြုတိုက်ခိုက်လာမယ်ဆိုရင် နျူကလီးယားလက်နက်များ နဲ့ တုံ့ပြန်အသုံးပြုတိုက်ခိုက်ခွင့်ပေးထားကြောင်း သိရပါတယ်။
ဒါ့အပြင် ရုရှားနိုင်ငံရဲ့နျူကလီးယားကြေညာစာတမ်းထဲမှာ ၎င်းတို့နိုင်ငံရဲ့ဖြစ်တည်မှုတွေကို သမာရိုးကျလက်နက်များ၊ ဒါမှမဟုတ် နျူကလီးယားလက်နက်များနဲ့ ခြိမ်းခြောက်လာမယ်ဆိုရင် နျူကလီးယားလက်နက်များ အသုံးပြုတိုက်ခိုက်ရမယ်လို့ သတ်မှတ်ထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
CSO များအနေဖြင့် "ဒလန်" ခေါင်းစဉ်တပ်၍ အသတ်ခံရသူများ၏ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကိုပါ ထည့်သွင်းပြောကြားမှသာလျှင် တရားမျှတမှု/မှန်ကန်မှုရှိမည်ဟု မြန်မာသံအမတ်ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ