ယူကရိန်းကိုတိုက်ခိုက်ဖို့ ရုရှားစစ်တပ်မှာ စစ်သား အလုံလောက်ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၄
ရုရှားစစ်တပ်ဟာ ယူကရိန်းကို တိုက်ခိုက်ဖို့ စစ်သား အလုံလောက်ရှိနေပြီး နောက်ထပ် စစ်သားစုဆောင်းစရာမလိုအပ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရှိုဂူးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
၎င်းက "ကျွန်တော်တို့ စစ်တပ်ဟာ စစ်သား စုဆောင်းတာမျိုးတွေ ထပ်မံလုပ်ဆောင်ဖို့ အစီအစဉ်မရှိတော့ဘူး အဓိက အချက်ကတော့ ရုရှားနိုင်ငံသားတွေဟာ မျိုးချစ်စိတ်အပြည့်နဲ့ ရုရှားစစ်တပ်မှာ စစ်မှုထမ်းဖို့ တက်ကြွစွာ ပါဝင်ဆောင်ရွက်လာနေတယ်။ စက်တင်ဘာလ တစ်လအတွင်းမှာပဲ ရုရှားနိုင်ငံသား ငါးသောင်းကျော်ဟာ စစ်မှုထမ်းဖို့ အမည်စာရင်းပေးပြီး စာချုပ်ချုပ်ဆိုခဲ့တယ်" လို့ ပြောပါတယ်။
ရုရှားစစ်တပ်ဟာ စစ်သားတွေအပြင် အခြား voluntary အဖွဲ့များကြောင့် ၂ဝ၂၃ ခုနှစ် အစပိုင်းမှာ တပ်ဖွဲ့ဝင်ဦးရေ ၃၃၅ဝဝဝ အထိ ရှိနေခဲ့ကြောင်း သိရပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးက ပုံမှန် စစ်မှုထမ်းရမယ့်ဥပဒေကို ပြင်ဆင်ပြောင်းလဲမှာဖြစ်ပြီး၊ အဲဒီအစီအစဉ်အရ အရွယ်ရောက်ပြီးသား လူပေါင်း ၁၃ဝဝဝဝ ကျော်ကို မသင်မနေရ စစ်မှုထမ်းဝန်ဆောင်မှုတွေလုပ်ဆောင်ဖို့ ခေါ်ယူသွားမှာဖြစ်ကြောင်း၊ အဲဒီတွေကို ယူကရိန်းစစ်ပွဲမှာ ဖြန့်ကြတ်ချထားမှာ မဟုတ်ကြောင်း ပြောပါတယ်။
ရုရှားဟာ ယူကရိန်းနဲ့ စစ်ပွဲစတင်ခဲ့ပြီးနောက် ၂ဝ၂၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်ကနေ အောက်တိုဘာ ၃၁ ရက်အထိ အရန်တပ်ဖွဲ့ဝင်ပေါင်း ၃ သိန်း ခေါ်ယူခဲ့ကြောင်း သိရပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးက " ရုရှားစစ်သားတွေ ဟာ မြေပြင်တိုက်ပွဲတွေမှာ ရန်သူကို အားနည်းအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ကြီးမား တဲ့ ထိခိုက်နစ်နာမှုတွေ ကြုံနေရတယ်" လို့ ပြောပါတယ်။
ရုရှားဘက်က သတိပေးမှုများရှိနေတဲ့ကြားကနေ ယူကရိန်းဟာ အမရိကန်ဦးဆောင်တဲ့နေတိုးအုပ်စုထဲ ပါဝင်ဖို့ ကြိုးပမ်းလာတဲ့အတွက် ရုရှားနဲ့ ယူကရိန်းတို့ဟာ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စတင် စစ်ဖြစ်လာခဲ့ပြီး လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးအတွက် ဆွေးနွေးနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းကာကွယ်ရေးဝန်ကြီးဌာနကို လာမယ့်နှစ်အတွင်း စစ်လက်နက်ပစ္စည်း မဝယ်ယူဖို့ ထိုင်းဝန်ကြီးချုပ် ညွန်ကြား
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ