ထိုင်းကာကွယ်ရေးဝန်ကြီးဌာနကို လာမယ့်နှစ်အတွင်း စစ်လက်နက်ပစ္စည်း မဝယ်ယူဖို့ ထိုင်းဝန်ကြီးချုပ် ညွန်ကြား
ဂျန်ဇက် (NSS) - အောက်တိုဘာ ၄
ထိုင်းဝန်ကြီးချုပ်က လာမယ့် ၂ဝ၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွင်း စစ်လက်နက်ပစ္စည်များ ဝယ်ယူခြင်းများ မလုပ်ဆောင်ဖို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနကို အမိန့်ပေးလိုက်ကြောင်း သိရပါတယ်။
ထိုင်းအစိုးရအဖွဲ့အသစ်ဟာ ပြည်သူတွေကိုအကူအညီပေးနိုင်အောင် ဘတ်ဂျက်ငွေကြေးများ ပိုမိုသုံးစွဲမှာဖြစ်တဲ့အတွက် ထိုင်းကာကွယ်ရေးဝန်ကြီးဌာနကို စစ်လက်နက်ပစ္စည်းများ ဝယ်ယူခြင်းကို ၂ဝ၂၄ ခုနှစ်အတွင်း ဆိုင်းငံ့ထားဖို့ အမိန့်ပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ထိုင်းအခြေစိုက်သတင်းတွေက "ဝန်ကြီးချုပ်ဟာ ဘတ်ဂျက်ငွေကြေးတွေကို ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ရေးအကူအညီပေးနိုင်အောင် သုံးစွဲလိုနေတယ်" လို့ ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ စစ်လက်နက်ပစ္စည်းများ ဝယ်ယူဖို့အသုံးပြုမယ့် ဘတ်ဂျက်ငွေကြေးကို သဘာဝဘေး အန္တရာယ်နဲ့ဆိုင်တဲ့လုပ်ငန်းတွေမှာ အသုံးပြုနိုင်အောင်အထူးခွင့်ပြုချက်ပေးဖို့ တောင်းဆိုထားပါတယ်။ ထိုင်းတော်ဝင်လေတပ်ဦးစီးချုပ် Phanphakdee Phatthanakul ကလည်း ထိုင်းအစိုးရဟာ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ဘတ်ဂျက်ငွေကြေးများကို အထူးခွင့်ပြုချက်နဲ့ သုံးစွဲခွင့်ပေးဖို့ ထိုင်းစစ်တပ်ကို တောင်းဆိုထားတဲ့ အချက်ကို အတည်ပြုပြောခဲ့ပါတယ်။
ဝန်ကြီးချုပ်ရဲ့ညွှန်ကြားချက်များကြောင့် ထိုင်းတော်ဝင်လေ တပ်အနေနဲ့ လာမယ့် ၂ဝ၂၅ ခုနှစ်မှာ တိုက်လေယာဉ် အသစ်များ ဝယ်ယူရဖွယ်ရှိနေကြောင်း သိရပါတယ်။ ထိုင်းလေတပ်ဦးစီးချုပ်ဟာ ဆွီဒင်နိုင်ငံထုတ် Gripen jet တိုက်လေယာဉ်များကို မကြာခင်လက်ခံရရှိဖွယ်ရှိနေကြောင်း သတင်းတွေကို ငြင်းဆန်ထားတယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရဟာ ထိုင်းနိုင်ငံကို F-35A အမျိုးအစားတိုက်လေယာဉ်များ ရောင်းချဖို့ ငြင်းဆန်ခဲ့ပြီးနောက် ထိုင်း လေတပ်ဟာ ဆွီဒင်နိုင်ငံထံကနေ Gripen jet တိုက်လေယာဉ်များကိုရရှိဖို့ ကြိုးပမ်းလာနေကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ထိုင်းလေတပ်ဦးစီးချုပ်က နိုင်ငံစီးပွားရေးအခြေအနေများကြောင့် လာမယ့် ၂ဝ၂၄ ခုနှစ်မှာ တိုက်လေယာဉ်များ ဝယ်ယူဖို့ ပစ်မှတ်ထားမှာ မဟုတ်ကြောင်း ပြောပါတယ်။
လာမယ့် ၂ဝ၂၅ ခုနှစ်မှာတော့ တိုက်လေယာဉ်များ ဝယ်ယူဖို့ စဉ်းစားသွားဖွယ်ရှိနေပြီး Gripen တိုက်လေယာဉ် ဒါမှမဟုတ် F-16 တိုက်လေယာဉ်နှစ်ခုအနက် ဘယ်တိုက်လေယာဉ်ကို ဝယ်ယူရမလဲဆိုတာ အတိအကျမဆုံးဖြတ်ရသေးကြောင်း ထိုင်းလေတပ်ဦးစီးချုပ်က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နျူကလီးယားလက်နက်များ အသုံးပြုတိုက်ခိုက်မယ်ဆိုရင် မြောက်ကိုရီးယားနိုင်ငံရဲ့အာဏာရှင်စနစ် အဆုံးသတ်တာတွေ့မြင်ရမယ်လို့ တောင်ကိုရီးယားစစ်ဘက် သတိပေး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ