လားရှိုးမြို့ရှိ Denko ဆီဆိုင်ပေါက်ကွဲမှုဖြစ်စဉ်တွင် (၂)ဦးသေဆုံးပြီး (၁ဝ)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ
NSS - စက်တင်ဘာ ၂၈
လားရှိုး-မန္တလေး ပြည်ထောင်စုကားလမ်းပေါ်ရှိ DENKO ဆီဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး (၂)ဦးသေဆုံးကာ (၁ဝ)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်သည် စက်တင်ဘာလ ၂၇ ရက်၊ ညနေ ၄ နာရီခွဲ အချိန်ခန့်တွင် အကြမ်းဖက်သမားတစ်ဦးသည် လားရှိုးဘက်မှ ဆိုင်ကယ်ဖြင့် မောင်းနှင်ရောက်ရှိလာကာ မယ်ဟန်ကျေးရွာအုပ်စု၊ နမ့်ခိုက်ကျေးရွာအနီး လားရှိုး-မန္တလေး ပြည်ထောင်စုကားလမ်းပေါ်ရှိ DENKO ဆီဆိုင်တွင် ဆီဖြည့်ရန် ဆိုင်ကယ်အား ရပ်တန့်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ (စက်တင်ဘာလ ၂၈ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
အကြမ်းဖက်သမားသည် ဆိုင်ကယ်အားထားရှိကာ ထွက်ပြေးသွားစဉ် အဆိုပါ ဆိုင်ကယ်မှ မိုင်း (၁)လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း နစကမှ အသိပေးထားသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ဆီဆိုင်တွင် ဆီဖြည့်လျက်ရှိသော ယာဉ် (၂) စီးနှင့် ဆီဆိုင်တို့ မီးလောင်ကျွမ်းခဲ့ပြီး အမျိုးသား (၂)ဦး သေဆုံးကာ အမျိုးသား (၆)ဦးနှင့် အမျိုးသမီး (၄)ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ပေါ်၌ လက်နက်ကိုင်အဖွဲ့အစည်းအချို့က ဟိုတယ်အပါအဝင်စီးပွားရေးလုပ်ငန်းအချို့နှင့် ပတ်သက်သည့် ဆက်ကြေးကောက်ခံမှုများ ပြုလုပ်လျက်ရှိကြောင်းကြားသိရပြီး ဆက်ကြေးမပေးပါက ဗုံးခွဲတိုက်ခိုက်မှုများလည်း ပြုလုပ်လျက်ရှိသည်ဟု မြု့ခံများက ဖွင့်ဟပြောကြားထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်တွင်လည်း လားရှိုးမြို့ရှိ CS ဟိုတယ်ရှေ့၌ ဆိုင်ကယ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ရန် နစကဥက္ကဋ္ဌဆို
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း