မကွေး၌ ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် လူ(၁၃)ဦး ထိခိုက်ဒဏ်ရာရရှိ
စော(NSS) - စက်တင်ဘာ၂၇
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် လူ (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၂၆ ရက်)တွင် စေတုတ္တရာမြို့နယ်၊ ကျောက်မွဲကျေးရွာအနီး၊ ဆော-စေတုတ္တရာလမ်း၊ မိုင်တိုင်အမှတ် (၅၅/၅)နှင့် (၅၅/၆)ကြားတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ အမျိုးသား (၅)ဦးနှင့် အမျိုးသမီး (၈)ဦး စုစုပေါင်း (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို စေတုတ္တရာမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီးနှင့် မေတ္တာစေရာလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်(၁)စီးနှင့် စေတုတ္တရာမြို့နယ်ဆေးရုံ လူနာတင်ယာဉ် (၁)စီးဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၏ စက်သုံးဆီတင်သွင်းဖြန့်ဖြူးခြင်းကဏ္ဍတွင် ရုရှားကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို နှစ်နိုင်ငံဆွေးနွေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း