မက္ကဆီကိုတွင် ဂျက်လေယာဉ်နှစ်စင်းတိုက်မိခဲ့ပြီး အနည်းဆုံးလူ(၅)ဦး သေဆုံး
Pika (NSS) - စက်တင်ဘာ ၂၆
မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းရှိ Durango ပြည်နယ်တွင် စက်တင်ဘာလ(၂၄)ရက်က ပုဂ္ဂလိကပိုင် ဂျက်လေယာဉ် နှစ်စင်း တိုက်မိခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင် အနည်းဆုံးလူ(၅)ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါမတော်တဆမှုသည် Durango ပြည်နယ် အနောက်ပိုင်း La Galancita မြို့ လေယာဉ်ကွင်းရှိ ပြေးလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Cessna အမျိုးအစား ဂျက်လေယာဉ်နှစ်စင်းသည် တစ်စင်းက ပြေးလမ်းမှ ပျံတက်သည့်အချိန်နှင့် တစ်စင်းက ပြေးလမ်းသို့ ဆင်းသည့်အချိန်တွင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ် လုံခြုံရေးအထွထွေအတွင်းရေးမှူးများရုံးက ပြောကြားခဲ့သည်။
ဂျက်လေယာဉ်နှစ်စင်းသည် တိုက်မိခဲ့ပြီးနောက် နှစ်စင်းလုံးမီးလောင်ကျွမ်းသွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အဆိုပါမတော်တဆမှုအတွင်း ဂျက်လေယာဉ်နှစ်စင်းလုံးတွင် လိုက်ပါလာသည့် ခရီးသည်(၅)ဦး စလုံး သေဆုံးသွားခဲ့ကြောင်း ပြည်နယ်အာဏာပိုင်များက ပြောကြားခဲ့သည်။ အဆိုပါဂျက်လေယာဉ်နှစ်စင်း တိုက်မိရသည့် နောက်ထပ်အကြောင်းအရင်းများကို ပြည်နယ်အာဏာပိုင်များက ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လယ်သမားများအတွက် ကြွေးမြီး ဆိုင်းငံ့ပေးမည့်အစီအစဉ်ကို ထိုင်းအစိုးရ အတည်ပြု
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း