မြန်မာနိုင်ငံရှိ ရာဇဝတ်ဂိုဏ်းများနဲ့ ဆက်နွယ်နေတဲ့ ဆက်သွယ်ရေးလုပ်ငန်း ၆ ခုကို ထိုင်းရဲတပ်ဖွဲ့ စီးနင်း ပိတ်သိမ်း
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၄
မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများနဲ့ ဆက်နွယ်နေပြီး အင်တာနက်အသုံးပြုလို့ရအောင် ဖန်တီးထားတဲ့ Cellular ဌာန ခြောက်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပိတ်သိမ်းလိုက်ကြောင်း၊ မြန်မာဘက်ခြမ်းရှိ ရာဇဝတ်ဂိုဏ်းများကို အင်တာနက်လိုင်းရအောင်လုပ်ပေးနေတဲ့ တရားမဝင် တပ်ဆင်ထားတဲ့ ဆက်သွယ်ရေး စလောင်းများအနက်မှ မယ်ဆိုင်မြို့မှာ နှစ်ခု နဲ့ Chiang Khong မြို့မှာ လေးခုကို ပိတ်သိမ်းခဲ့တာဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ရဲ့ရဲချုပ် Nathathorn Prousoontorn က ပြောပါတယ်။
ဒါ့အပြင် အဆိုပါ တရားမဝင်တပ်ဆင်ထားတဲ့ ဆက်သွယ်ရေးစလောင်းများနဲ့ Cellular ဌာနများဖွင့်လှစ်ထားမှုနဲ့ ဆက်နွယ်သူ သုံးဦးကိုလည်း ဖမ်းဆီးထားပြီး ခွင့်ပြုချက်မရဘဲ Radio station တည်ထောင်မှုများအတွက် စွဲချက်တင်သွားမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာနယ်စပ်ဒေသကို အခြေပြုလှုပ်ရှားနေတဲ့ အွန်လိုင်းအသုံးပြုကာ လိမ်လည်နေတဲ့ ဂိုဏ်းများ၊ လူကုန်ကူးဂိုဏ်း များကို ဖြိုခွင်းနိုင်ဖို့ မြန်မာ၊ ထိုင်း၊ တရုတ် နဲ့ လာအိုတို့ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြင့်လုပ်ဆောင်ဖို့ သဘောတူညီ ခဲ့ပြီးနောက် အွန်လိုင်းအသုံးပြုကာ လိမ်လည်နေတဲ့ဂိုဏ်းတွေကို ဖြိုခွင်းမှု ပိုမိုလုပ်ဆောင်လာနေကြောင်း သိရပါတယ်။
ထိုင်းရဲချုပ်ရဲ့အဆိုအရ မြန်မာနိုင်ငံဘက်ခြမ်းရှိ ရာဇဝတ်ဂိုဏ်းများ အသုံးပြုဝယ်ယူနိုင်ဖို့အတွက် ထိုင်းနိုင်ငံဘက် ခြမ်းရှိ ဖုန်း SIM cards များ ရောင်းချပေးနေတဲ့ဂိုဏ်းများကိုလည်း ဖြိုခွင်းခဲ့ရာ ဖုန်း SIM ကဒ်ပြားပေါင်း ၇၆ဝဝ ကျော်နဲ့ နိုင်ငံခြားသား ၁၇ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
မဲဆောက်ဒေသရှိ မိုလ်ဘိုင်းဖုန်းဝန်ဆောင်မှုအဖွဲ့တွေဟာ အင်တာနက်လိုင်းနဲ့ ဆက်သွယ်ရေးလိုင်းများကို မြန်မာနိုင်ငံဘက်ခြမ်းက မမီနိုင်တဲ့နေရာမျိုးတွေမှာ ပြောင်းလဲတပ်ဆင်ထားဖို့ တောင်းဆိုတာမျိုးတွေလည်း ရှိခဲ့ ကြောင်း သိရပါတယ်။ ကရင်ပြည်နယ်မှာ အခြေပြုလှုပ်ရှားနေတဲ့ လူကုန်ကူးဂိုဏ်းများနဲ့ ရာဇဝတ်ဂိုဏ်းတွေကို အွန်လိုင်းအသုံးပြုကာ လိမ်လည်ပြီးနောက် လိမ်လည်ခံရသူများကို ထိုင်းနိုင်ငံဘက်ခြမ်းကတဆင့် သောင်းရင်း မြစ်ကိုဖြတ်ကာ မြန်မာနိုင်ငံဘက်ခြမ်းကို ခေါ်ယူတာမျိုးတွေရှိနေကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြွေစေ့တွေ ၇ နှစ်ကြာ ငွေကြေးစုဆောင်းခဲ့ပြီးနောက် iPhone ဝယ်လိုတဲ့အိပ်မက်ကို အမှန်တကယ် ဖော်ဆောင်နိုင်ခဲ့တဲ့ မလေးရှားနိုင်ငံသား
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း