အကြွေစေ့တွေ ၇ နှစ်ကြာ ငွေကြေးစုဆောင်းခဲ့ပြီးနောက် iPhone ဝယ်လိုတဲ့အိပ်မက်ကို အမှန်တကယ် ဖော်ဆောင်နိုင်ခဲ့တဲ့ မလေးရှားနိုင်ငံသား
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၄
မလေးရှားနိုင်ငံသားတစ်ဦးဟာ ကမ္ဘာကျော် iPhone 14 ကို ဝယ်ယူနိုင်အောင် လုံလောက်တဲ့ငွေကြေးရရှိဖို့အတွက် နှစ်ပေါင်း ၇ နှစ်ကြာ ငွေကြေးစုဆောင်းခဲ့ရကြောင်း သိရပါတယ်။
မလေးရှားနိုင်ငံက အသက် ၃ဝ အရွယ်ရှိ Muhammad Hafiz Abdul Hamid ဆိုသူနဲ့ မိသားစုတွေဟာ iPhone ဝယ်ယူနိုင်ဖို့ အကြွေစေ့တွေကို စုဆောင်းခဲ့တာဖြစ်ပြီး စတင်စုဆောင်းချိန်က မြေအိုးနဲ့သာ စုဆောင်းခဲ့ပေမယ့် အကြွေစေ့တွေ များပြားလာချိန်မှာ ၁၉ လီတာဝင့်ဆံတဲ့ ရေသန့်ဗူးနဲ့ ပြောင်းလဲစုခဲ့ရကြောင်း သိရပါတယ်။
၎င်းတို့မိသားစုဟာ ခက်ခဲရုန်းကန်ရမှုတွေ ရှိခဲ့ပေမယ့် အကြွေစေ့တွေ နဲ့ စုထားတဲ့ ရေသန့် စုဘူးကို ဖောက်တာမျိုး မရှိခဲ့ကြောင်း ဆိုပါတယ်။ စက်တင်ဘာ ၁ ရက်နေ့မှာတော့ မလေးရှားနိုင်ငံသား Muhammad Hafiz Abdul Hamid နဲ့ သူရဲ့မိသားစုဝင်တွေဟာ အကြွေစေ့တွေ ထည့်ထားတဲ့ရေသန့်စုဗူးကို ဖောက်ခဲ့ခဲ့ကာ ၎င်းနဲ့အတူ ဇနီးဖြစ်သူ၊ အစ်မဖြစ်သူနဲ့ ယောက္ခမတို့ ဝိုင်းဝန်းရေတွက်ခဲ့ရာ အကြွေစေ့တွေကို သုံးနာရီကျော်ကြာ ရေတွက်ခဲ့ရ ကြောင်း သိရပါတယ်။
အကြွေစေ့ စုစုပေါင်းရဲ့တန်ဖိုးဟာ မလေးရှားရင်းဂစ် ၅၃၆ဝ ရရှိခဲ့ပြီး iPhone 14 ဖုန်းဝယ်ယူနိုင်ဖို့ လုံလောက်တဲ့ ငွေကြေးမျိုးရရှိခဲ့ကြောင်း ဆိုပါတယ်။ မလေးရှားနိုင်ငံသားက "ကျွန်တော်ဟာ အကြွေစေ့တွေနဲ့ ငွေကြေးစုဆောင်းမှုတွေကို ၂ဝ၁၆ ခုနှစ်မှ စတင်စုခဲ့တာပါ။ စတင်စုချိန်က မြေဘူး၊ သံဘူးတွေကို အသုံးပြုခဲ့တယ်။ အကြွေစေ့တွေ များလာချိန်မှာ ရေသန့်ဘူးထဲကို ပြောင်းလဲစုခဲ့ရတယ်" လို့ ပြောပါတယ်။
၎င်းဟာ ပီနန်မြို့ရှိ ဟိုတယ်တစ်ခုမှာ သန့်ရှင်းရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ကာ ငွေကြေးတွေကို 50-cent ringgit အကြွေစေ့နဲ့ လဲပေးတာမျိုးရှိခဲ့ကြောင်း ဆိုပါတယ်။
၎င်းက "ကျွန်တော်ဟာ ၇ နှစ်ကြာ စုဆောင်းခဲ့ပြီးနောက် iPhone ဝယ်လိုတဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တယ်" လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာအနီး အာရူနာချယ်ပရာဒက်ပြည်နယ် အားကစားမယ်များကိစ္စ နယူးဒေလီ-ပေကျင်း အချေအတင်ဖြစ်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း