Mobile Pay များ ခေတ္တရပ်ဆိုင်းမည့်သတင်းမှာ ရန်ကုန်မြို့တော်ဘဏ် တစ်ခုတည်းသာဖြစ်ပြီး ကျန်လုပ်ငန်းများနှင့်မသက်ဆိုင်
NSS - စက်တင်ဘာ ၂၂
KBZ pay အပါအဝင် Mobile Pay များဖြင့် ငွေကြေးဝန်ဆောင်မှုများ ခေတ္တရပ်ဆိုင်းမည်ဆိုသည့်သတင်းမှာ ရန်ကုန်မြို့တော်ဘဏ်၏ ငွေလွှဲခြင်းလုပ်ငန်းစဥ်တစ်ခုတည်းကိုသာ ရပ်ဆိုင်းခြင်းဖြစ်ကြောင်း ၎င်းဘဏ်၏ ထုတ်ပြန်ထားချက်အရ သိရသည်။
အဆိုပါ ထုတ်ပြန်ချက်ထွက်ရှိပြီးသည့်နောက် လူမှုကွန်ယက်စာမျက်နှာပေါ်၌ K pay နှင့် Wave pay များ၏ ငွေလွှဲ ဝန်ဆောင်မှုများအား ခေတ္တရပ်ဆိုင်းမည်ဆိုသည့် နားလည်မှုလွဲမှားသည့် သတင်းများထွက်ပေါ်လျက်ရှိသည်။
လက်ရှိတွင် Mobile Payment များနှင့်ပတ်သက်ပြီး kbz pay နှင့် wave pay များ၏ call center များအား ဆက်သွယ်မေးမြန်းရာ၌ ငွေလွှဲဝန်ဆောင်မှုအား ခေတ္တရပ်ဆိုင်းမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ပြောကြား ခဲ့သည်။
"ကျွန်မတို့ kbz pay ကတော့ ထုတ်ပြန်ကြေညာထားတာမရှိပါဘူး။ တစ်စုံတစ်ရာ လုပ်ဆောင်မှုရှိပါက kbz pay ကနေ တရားဝင် အကြောင်းကြားပေးပါတယ်" ဟု call center မှ ဆိုသည်။
အွန်လိုင်းရှော့ပင်လုပ်ဆောင်သူများ နှင့် ငွေလွှဲဝန်ဆောင်မှု လုပ်ဆောင်သူမျအကြား အလွန်စိုးရိန်နေကြပြီး အဆိုပါ Kpay , Wave pay ၏ ငွေလွှဲဝန်ဆောင်မှု ခေတ္တရပ်နားမည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ကြောင်း သိရသည်။
"ရန်ကုန်မြို့တော်ဘဏ်နဲ့ ချိတ်ဆက်ထားတဲ့ သူတွေပဲ ငွေပေးချေလို့ မရတာပါ။ သူ့ဘဏ်က သူ့ Pay က်ို အဆင့်မြှင့်တာပါ။ တခြား Mobile payment တွေနဲ့ မဆိုင်ပါဘူး" ဟု အိုင်တီသမားတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တော်ဘဏ်၏ ၂ဝ၂၃ - ၂ဝ၂၄ ခုနှစ်ဘဏ္ဍာနှစ်အတွက် ၆ လချုပ်စာရင်းပိတ်ရန် ရှိသဖြင့် ဘဏ်၏ Payment Gateway မှ တစ်ဆင့် wave pay, KBZ pay များအပါအဝင် Mobile Payment ဖြင့် မည်သည့် ငွေပေး ချေခြင်းကိုမဆို ခေတ္တရပ်ဆိုင်းရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်ဘဏ်လီမိတက်၏ ထုတ်ပြန်ချက်အရ သိရသည်။
စက်တင်ဘာလ ၂၂ ရက်၊ နေ့လည် ၂ နာရီ မှစ၍ အောက်တိုဘာလ ၂ ရက်၊ နံနက် ၉ နာရီ ၃ဝ မိနစ်အထိ ရန်ကုန် မြို့တော်ဘဏ်၏ Payment Gateway မှ တစ်ဆင့် Mobile Payment ဖြင့် ငွေပေးချေခြင်းအား ခေတ္တရပ်ဆိုင်း မည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုဂ္ဂလိကကျောင်းများ၌ နေ့စဥ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုခြင်းတို့ကို မပျက်မကွက် ဆောင်ရွက်ရမည်ဟု နစက အသိပေး
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း