လက်နက်ကိုင်အဖွဲ့များရှိရာ ဒေသများ၌ ရွေးကောက်ပွဲကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် NSPNC နှင့် RCSS တို့ တွေ့ဆုံဆွေးနွေး
မျိုးကြီး (NSS) - စက်တင်ဘာ ၂၂
လက်နက်ကိုင်အဖွဲ့များရှိရာ ဒေသများ၌ ရွေးကောက်ပွဲကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် နစက၏ NSPNC နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ RCSS တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
NSPNC မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဦးဆောင်သောအဖွဲ့နှင့် ရှမ်ပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)မှ စဝ်စိုင်းငင်း ဦးဆောင်သောအဖွဲ့တို့သည် ယမန်နေ့(စက်တင်ဘာ ၂၁ ရက်) တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံရာ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသများတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီ မိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ပူးပေါင်းဆောင်ရွက်ရန်၊ လူသားချင်းစာနာမှုအကူအညီပေးအပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များကို နှစ်ဖက်အကြား ဆွေးနွေးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နစကအစိုးရအနေဖြင့် အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပပေးမည်ဟု ကတိပြုထားပြီး ရွေးကောက်ပွဲအား ၂ဝ၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီးမှသာ မဲစာရင်းပြုစု၍ ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)တွင် ပြင်ဆင်သင့်သည့်ပုဒ်မများ နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးဆိုင်ရာလိုအပ်ချက်များနှင့်ပတ်သက်၍လည်း NSPNC နှင့် RCSS အကြား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ယနေ့(စက်တင်ဘာ ၂၂ ရက်) တွင်လည်း နစက၏ NSPNC နှင့် RCSS ကြားတွင် ဆက်လက်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော RCSS သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကို အခြေခံကာ ပဋိပက္ခများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သွားမည်ဟု ကြေညာထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Mobile Pay များ ခေတ္တရပ်ဆိုင်းမည့်သတင်းမှာ ရန်ကုန်မြို့တော်ဘဏ် တစ်ခုတည်းသာဖြစ်ပြီး ကျန်လုပ်ငန်းများနှင့်မသက်ဆိုင်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ