လျှပ်စစ်ဝန်ကြီးဌာန၌ လစ်လပ်လျက်ရှိသော အငယ်တန်းအင်ဂျင်နီယာ-၂ (စက်မှု/ လျှပ်စစ်)နေရာများအတွက် ဝန်ထမ်းများခေါ်ယူ
Pearl (NSS) - စက်တင်ဘာ ၂၀
လျှပ်စစ်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းလက်အောက်တွင် လစ်လပ်လျက်ရှိသော အငယ်တန်း အင်ဂျင်နီယာ -၂ (စက်မှု/ လျှပ်စစ်) (၂၅)နေရာအတွက် ဝန်ထမ်းများခေါ်ယူနေကြောင်းသိရသည်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ ယနေ့ (စက်တင်ဘာလ ၂၀ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင်အထက်ပါကဲ့သို့ ထည့်သွင်းကြေငြာထားခြင်းဖြစ်သည်။
အဆိုပါဌာန၌ လစ်လပ်လျက်ရှိသော အငယ်တန်းအင်ဂျင်နီယာ -၂ (စက်မှု) AGTI (MP/MC/MT) အတွက် အမျိုးသား (၇)ဦး ၊ အမျိုးသမီး (၃)ဦး နှင့် (လျှပ်စစ်) AGTI (EP/EC) အတွက် အမျိုးသား (၁၀)ဦး၊ အမျိုးသမီး (၅)ဦးတို့အား ခေါ်ယူမည်ဖြစ်ပြီး လျှောက်ထားလိုသူများသည် လာမည့် စက်တင်ဘာလ(၃၀)ရက်တွင် အသက်(၃၀)၊ ဝန်ထမ်းဖြစ်ပါက အသက် (၃၅)နှစ်နှင့်အထက် မကြီးသူဖြစ်ရန် လိုအပ်ကြောင်း သိရသည်။
လျှောက်လွှာများကို လျှပ်စစ်ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ရယူနိုင်ပြီး အောက်တိုဘာလ(၂၀)ရက်နောက်ဆုံးထား၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ရေးဖြေစာမေးပွဲအား နေပြည်တော်၌ ကျင်းပမည်ဖြစ်ပြီး အင်္ဂလိပ်စာ နှင့် အင်ဂျင်နီယာ ဘာသာရပ်တို့ကို ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
ရွေးချယ်ခြင်းခံရပါက အနည်းဆုံး (၅)နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဝန်ခံကတိပြုချုပ်ဆိုရမည်ဖြစ်ပြီး စာချုပ်စည်းကမ်းဖောက်ဖျက်ပါက ငွေကျပ်(၁ဝ)သိန်းကို ပေးလျော်ရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၏ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ MIC ဥက္ကဋ္ဌ တာဝန်များကို ဗိုလ်ချုပ်ကြီး မြထွန်းဦးထံ နစက လွှဲပြောင်းပေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း