မြန်မာ-တရုတ်နယ်စပ် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို တိုးမြှင့်ဆောင်ရွက်ရန် ဒုဝန်ကြီးချုပ် နှင့် တရုတ်အထူးကိုယ်စားလှယ်တို့ နေပြည်တော်၌တွေ့ဆုံ
မျိုးကြီး (NSS) - စက်တင်ဘာ ၁၉
မြန်မာ-တရုတ်နယ်စပ် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို တိုးမြှင့်ဆောင်ရွက်ရန် ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းတို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဒုဝန်ကြီးချုပ်ဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီးကျွင်းတို့သည် ယမန်နေ့ (စက်တင်ဘာလ ၁၈ ရက်)တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြသည်။
ပြည်တွင်းငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်တိုး တက်မှုအခြေအနေများကို နှစ်ဖက်အကြားထည့်သွင်းဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် မြန်မာ-တရုတ်နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်ရန်အတွက် ဆက် လက်ပူးပေါင်းဆောင်ရွက်သွားရေးမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု ဝန်ကြီးဌာနက အသိပေးထား သည်။
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံက အပြုသဘောဆက်လက်ကူညီဆောင် ရွက်ပေးသွားမည့်ကိစ္စရပ်များအပြင် အာဆီယံနှင့်ကုလသမဂ္ဂတို့၌ နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များကို နှစ်ဖက်အကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ တရုတ်အထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီးကျွင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး(၂)ဝန်ကြီး ဦးကိုကိုလှိုင်တို့သည် ယမန်နေ့တွင် နေပြည်တော်၌ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင်လည်း ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်နေရာချထားရေး၊ NCA စာချုပ်လက်မှတ်ရေးထိုးခြင်း (၈)နှစ်မြောက်အခမ်းအနားကျင်းပမည့်ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေများကို နှစ်ဖက်အကြား ဆွေးနွေးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
လက်ရှိနစကလက်ထက်တွင် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီးကျွင်းသည် မြန်မာနိုင်ငံသို့ ယခုခရီးစဉ်အပါအဝင် (၃)ကြိမ်ထက်မနည်း လာရောက်ထားကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တရုတ်နိုင်ငံသည် ပါဝင်ကူညီပေးလျက်ရှိပြီး အထူးသဖြင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များနှင့် နစကအကြား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာရန် ကြားဝင်ကူညီပေးနေမှုများရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ် အပါအဝင် အာဆီယံနိုင်ငံများနှင့် ကုန်ထုတ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အသင့်ရှိနေဟု မြန်မာသံအမတ်ဖိတ်ခေါ်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း