လူနာပို့ပြီးပြန်လာသည့် Hijet ကားတစ်စီး လမ်းဘေးရှိသစ်ပင်အား ဝင်တိုက်ရာမှ ယာဥ်မောင်းပွဲချင်းပြီး သေဆုံး
သန့်ဇင် (NSS) - စက်တင်ဘာ ၁၇
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၌ Hijet ကားတစ်စီးအရှိန်လွန်ကာ လမ်းဘေးထနောင်းပင်အားဝင်တိုက်မှုကြောင့် ယာဉ်မောင်းအမျိုးသားပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း တံတားဦးမီးသတ်ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၁၇ ရက်)၊ နံနက် ၆နာရီ ၄၅မိနစ်အချိန်တွင် တံတားဦးမြို့နယ်၊ ပြူကန်ရွာလမ်းခွဲအကျော်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သူက ပခုက္ကူကို လူနာပို့ပြီးအပြန်လမ်းမှာ အရှိန်လွန်ပြီး ဝင်တိုက်မိတာပါ။ ကားလေး Hijet ကားပေါ့။ ကားပေါ်မှာလဲသူတစ်ယောက်ပဲ ပါတာပါ” ဟု တံတားဦးမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးသူ ယာဉ်မောင်းအမျိုးသားသည် မန္တလေးမြို့တွင်နေထိုင်သည့် အသက်(၄၀) ဝန်း ကျင်အရွယ်ဖြစ်ပြီး အခင်းဖြစ်ရာနေရာအရောက်တွင် အရှိန်လွန်ကာ လမ်းဘေးရှိ ထနောင်းပင်အားဝင်တိုက်မိခဲ့သဖြင့် ပွဲချင်းပြီးသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူအမျိုးသားအား အနှိုင်မဲ့ပါရမီလူမှုကူညီရေးအသင်းမှ တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စက်သုံးဆီဈေး ဆက်တိုက်မြင့်တက်လာ ပြီး 92 ဓါတ်ဆီ တစ်လီတာလျှင်၂၅ဝဝ ကျပ်ဝန်းကျင်အထိရောက်ရှိလာ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း