ဖားကန့်မြို့ရှိ ဆိုင်ကယ်အပိုပစ္စည်းနှင့် ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်အမျိုးသား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရ
သန့်ဇင် (NSS) - စက်တင်ဘာ ၁၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ဆိုင်ကယ်အပိုပစ္စည်းနှင့် ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်အမျိုးသား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၁၅ ရက်) နံနက် ၁ဝ နာရီ ၄ဝ မိနစ်အချိန်တွင် ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်၊ မှော်ဝမ်းလမ်းဆုံတွင် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
“သူက ကားနဲ့ပြန်လာတာပါ။ ပြန်လာတဲ့အချိန်မှာ ဘေးကနေ သေနတ်နဲ့ပစ်သွားတာပေါ့။ ကားပေါ်မှာလဲ သူတစ်ယောက်ပဲပါတာပါ” ဟု ဒေသခံလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အမျိုးသားမှာ အသက်(၅၀)အရွယ် ဧရာမြင့်မိုရ် ဆိုင်ကယ်အပိုပစ္စည်း နှင့် ဆိုင်ကယ်ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် ဦးညီညီအောင်ဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် ကျည်ထိ(၃)ချက်ထိမှန်ခဲ့ကြောင်း သိရသည်။
“အပစ်ခံရတော့ လည်ပင်းကိုတစ်ချက်မှန်တယ်။ ပုခုံးတစ်ချက်နဲ့ လက်မောင်းကို တစ်ချက်မှန်တယ်ပေါ့။ ခုတော့ စိုးရိမ်စရာမရှိပါဘူး။ မနက်က သွေးတစ်လုံးသွင်းရတယ်လို့ ကြားတယ်။ ဘယ်နှစ်ယောက် ပစ်တယ်။ ဘယ်လိုလာပြီးပစ်တယ်လို့တော့ မသိရပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားအား ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး ကျူးလွန်သူများကို သက်ဆိုင်ရာက စစ်ဆေးရှာဖွေလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လေဖိအားနည်းရပ်ဝန်း အားလျော့သွားသော်လည်း မုတ်သုံကြောင့် ပြည်နယ်နှင့် တိုင်းအချို့တွင် မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ဟုဆို
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း