ပြည်မြို့၌ နေအိမ်အတွင်း ဝင်ခိုးသည့် သူခိုး(၅)ဦးကို ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် တစ်ဦးဒဏ်ရာရ
Pearl (NSS) - စက်တင်ဘာ ၁၂
ပြည်မြို့၌ နေအိမ်အတွင်း ဝင်ခိုးသည့် သူခိုး(၅)ဦးကို ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၁၂ရက်)၊ နံနက် (၃)နာရီခွဲ အချိန်ခန့်တွင် ပဲခူးတိုင်း၊ ပြည်မြို့၊ ပြည်ရတနာလမ်း ၊ ကိုးသိန်းဘုန်းကြီးကျောင်းအနီးရှိ နေအိမ်တစ်လုံး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအနီးရှိ နေအိမ်တစ်လုံးအတွင်းသို့ သူခိုး(၅)ဦးမှ ဆိုင်ကယ် (၁)စီး ၊ လက်စွပ် (၁)ကွင်း နှင့် နာရီ (၁)လုံးတို့အား ဝင်ရောက်ခိုးယူခဲ့ရာ ၎င်းတို့အား ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရာ သူခိုး(၅)ဦးအနက် (၁)ဦးကို ဖမ်းဆီးရမိ၍ (၄)ဦးမှာ လွတ်မြောက်သွားခဲ့ပြီး သူခိုး၏ ကတ်ကြေးဖြင့် ပြန်လည်ခုခံမှုကြောင့် ရပ်ကွက်နေအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
"(၅)ဦး လာခိုးတာ (၁)ဦးမိတယ်။ ခိုးရာပါပစ္စည်းတွေလည်း ပြန်ရတယ်။ သူခိုးက ကတ်ကြေးနဲ့ပြန်ခုခံလို့ အရပ်သားတစ်ဦး နားထင်မှာ ပြတ်ရှဒဏ်ရာရတယ်။ သူခိုးလည်း အနားကကျောက်နဲ့ တိုက်မိပြီး ငယ်ထိပ်နဲ့ ဘယ်ဘက်ဒူး ဒဏ်ရာရတယ်။ အရင်ကတော့ ဒီလိုဖြစ်စဉ်မျိုးမဖြစ်ဖူးဘူး။ အခုနောက်ပိုင်းမှ သိပ်မပြေလည်ကြတော့ လာလာခိုးကြတာပေါ့" ဟု အထက်ပါလူမှုကယ်ဆယ်ရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ယင်းဖြစ်စဉ်အတွင်း ဖမ်းဆီးရမိသောသူခိုးနှင့် ရပ်ကွက်နေအမျိုးသားတစ်ဦးတို့သည် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် ၎င်းတို့ (၂)ဦးအား ပြည်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံမှာ ဟိုတယ်အလုံးပေါင်း ၂၃ဝ ကျော်ရှိကာ ဟိုတယ်အခန်းပေါင်း ၉၇ဝဝဝ ကျော်ရှိနေကြောင်း ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီး ပြော
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း