အမြန်လမ်း၌ ရပ်ထားသော Hijet ကားအား အိမ်စီးကားတစ်စီးမှ ဝင်တိုက်မိရာတစ်ဦးသေဆုံးခဲ့
Pearl (NSS) - စက်တင်ဘာ ၁၂
အမြန်လမ်း၌ ရပ်ထားသော Hijet ကားအား အိမ်စီးကားတစ်စီးမှ ဝင်တိုက်မိရာ Hijet ယာဉ်မောင်း သေဆုံးသွားခဲ့ ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၁ရက်) ၊ ညနေ (၄)နာရီအချိန်ခန့်တွင် နေပြည်တော် - ရန်ကုန်အမြန်လမ်း၊ မိုင်တိုင်အမှတ်(၅၇/၅)နှင့် (၅၇/၆)ကြား၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမိုင်တိုင်ကြား၌ Hijet အဖြူရောင်ယာဉ်သည် ကားပျက်၍ လမ်းဘေး၌ ရပ်ပြီးကားပြင်နေစဉ် နောက်မှမောင်းနှင်လာသော Hilux Surf(မိုးပြာရောင်)ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
"HIJET ကားက ပျက်နေလို့ လမ်းဘေးရပ်ပြီးပြင်နေတာကို Hilux Surf ကားက ကွေ့ကြောမှာ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်တာ။ HIJET ယာဉ်မောင်းဆုံးသွားတယ်။ ကားပြင်ကူနေတဲ့ ဆိုင်ကယ်သမား တစ်ဦး ဒဏ်ရာရတယ်။ တိုက်မိတဲ့ကားကလူကတော့ ဘာမှမဖြစ်သွားဘူး"ဟု ဘောနီအမြန်လမ်း မီးသတ်စခန်း၏ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် HIJET ယာဉ်မောင်း အမျိုးသား(၁)ဦးသေဆုံးပြီး လာရောက်ကူညီသူ အမျိုးသား(၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိသူသည် စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နှင့်အိန္ဒိယ ကမ္ဘာလှည့်ခရီးသွားများကို မြန်မာနိုင်ငံက ဆိုက်ရောက်ဗီဇာဖြင့် စတင်လည်ပတ်ခွင့်ပြုထားဟု နစက ကြေညာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း