တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ နစက၏ ရွေးကောက်ပွဲကော်မရှင် ကိုယ်စားလှယ်အဖွဲ့ တရုတ်သို့ သွားရောက်
Pearl (NSS) - စက်တင်ဘာ ၁၁
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဌာန၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံသို့ ထွက်ခွာခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်)၊ ညနေ (၄)နာရီ အချိန်တွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါခရီးစဉ်အား တရုတ်ကွန်မြူနစ်ပါတီက တရုတ်နိုင်ငံပြုပြင်ပြောင်းလဲရေး နှင့် တံခါးဖွင့်မူဝါဒ၊ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း၊ ပါတီတည်ထောင်မှုဆိုင်ရာအတွေ့အကြုံများကို အမြင်ချင်းဖလှယ်ဆွေးနွေးသွားရန် ရည်ရွယ်၍ ဖိတ်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတတ်ရေးအတွက် တရုတ်ကွန်မြူနစ်ပါတီက ဆောင်ရွက်လျက်ရှိသော နိုင်ငံဖွံ့ဖြိုးတိုးတတ်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့် ဆောင်ရွက်ပုံနည်းလမ်းများ၊ ပါတီတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း နစကမှ အသိပေးထားသည်။
အဆိုပါ လေ့လာရေး ခရီးစဉ်သည် စက်တင်ဘာလ ၁၀ ရက်မှ ၁၆ရက်အထိကြာမြင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည်လည်း တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့သွားရောက်ခဲ့ကြောင်း သိရသည်။
ပုံစာ - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ ရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့သွားရောက်ခဲ့စဉ်
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ဆုံးနေတဲ့သတင်းတွေထွက်ပေါ်လာပြီးနောက် တရုတ်စစ်တပ်ကို စုစည်းညီညွတ်ဖို့ သမ္မတရှီကျင့်ဖျင် တိုက်တွန်း
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ