ရုရှားက ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ဒရုန်းများဖြင့် (၂)နာရီနီးပါးကြာ တိုက်ခိုက်
Pika (NSS) - စက်တင်ဘာ ၁ဝ
ရုရှားတပ်ဖွဲ့များသည် စက်တင်ဘာလ(၁ဝ)ရက် အစောပိုင်းတွင် ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို လေကြောင်း တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီး ကိယက်ဗ်မြို့ နှင့် အနီးတစ်ဝိုက်တွင် နှစ်နာရီနီးပါးကြာအောင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အပြင် လေကြောင်းရန်ကာကွယ်ရေးစနစ်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကိယက်ဗ်မြို့ အလယ်ပိုင်းရှိ ခရိုင်အများအပြားတွင် ရုရှား ဒရုန်းအပျက်အစီး များကျခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူများက ပြောကြားခဲ့သည်၊၊
ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးစနစ်များသည် ကိယက်မြို့ နှင့် အနီးတစ်ဝိုက်ကို ပစ်မှတ်ထားတိုက်ခိုက် သော ရုရှား၏ အီရန်ထုတ်ဒရုန်း(၃၂)စင်းအနက် (၂၅)စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းတပ်ဖွဲ့က ပြောကြားခဲ့သည်။ ရုရှားက ဒရုန်းဖြင့်တိုက်ခိုက်မှုအတွင်း ကိယက်ဗ်မြို့တစ်လျှောက် ပေါက်ကွဲမှု အနည်းဆုံး(၅)ကြိမ် ကြားခဲ့ရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
ကိယက်ဗ်မြို့ရှိ စစ်အုပ်ချုပ်ရေးအကြီးအကဲ Serhiy Popko က "ဒရုန်းတွေဟာ လမ်းကြောင်းအမျိုးမျိုးကနေလာပြီး ကိယက်ဗ်မြို့ကို တိုက်ခိုက်ခဲ့တာပါ" ဟု ပြောခဲ့သည်။
ပစ်ချခံရသော ဒရုန်းများမှ အပျက်အစီးများသည် Darnytskyi၊ Solomianskyi၊ Shevchenkivskyi၊ Sviatoshynskyi နှင့် Podil ခရိုင်များတွင် ကျရောက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Shevchenkivskyi ခရိုင်တွင် ဒရုန်းအပျက်အစီးများ ပျက်ကျမှုကြောင့် တိုက်ခန်းတစ်ခု မီးလောင်ကျွမ်းခဲ့သော် လည်း ချက်ချင်းမီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ ရုရှားဖက်က ဒရုန်းနှင့်တိုက်ခိုက်ပြီးနောက် သေဆုံး/ ဒဏ်ရာရသည့် အစီရင်ခံစာထွက်ပေါ်လာခြင်းမျိုး မရှိသေးကြောင်း Serhiy Popko က ပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ရုရှားဖက်က မှတ်ချက်ပြုပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရသည်။ စက်တင်ဘာလ(၆)ရက် အစောပိုင်းက Kostiantynivka မြို့ရှိ ဈေးတစ်ခုကို ရုရှားဖက်က ပစ်လွှတ်လိုက်သောဒုံးကျည်တစ်စင်းထိမှန်ပြီးနောက် အနည်းဆုံးလူ(၁၇)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့်နှစ်တွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးကို ရုရှားသမ္မတပူတင် တက်ရောက်မည်ဆိုပါက ဖမ်းဆီးခံရမှုများရှိလာမည်မဟုတ်ကြောင်း ဘရာဇီးလ်သမ္မတပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ