ဧရာဝတီမြစ်အတွင်း အမျိုးသားတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွား
သန့်ဇင်(NSS) - စက်တင်ဘာ ၆
ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်မြို့တွင် အမျိုးသားတစ်ဦး ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၅ရက်)၊ ည ၉နာရီခွဲအချိန်တွင် ပြည်မြို့၊ မြို့မဈေးကြီးနောက်ဘက်ရှိ View Point အနီးတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
“နစ်တာက မနေ့ကည ၉နာရီခွဲကနစ်တာဗျ။ ကျွန်တော်တို့သိရသလောက်ကတော့ ရေဆင်းချိုးတယ်လို့ပဲသိရတယ်” ဟု ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါရေနစ်သေဆုံသူအမျိုးသားသည် ဖိုးခေါင်ရပ်ကွက်တွင်နေထိုင်သည့် အသက်(၂၄)နှစ်အရွယ် ကိုဖြူဖွေးဖြစ်ပြီး ရုပ်အလောင်းအား ယနေ့ (စက်တင်ဘာလ ၆ ရက်)၊ ညနေ ၃နာရီ ၈မိနစ်အချိန်တွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
“ပြန်တော့တွေပါပြီ။ ပထမတော့ ကျွန်တော်တို့ ရေပြင်ပေါ်အရင်ရှာတယ်။ ပြီးတော့မှ သူစနစ်တဲ့နေရာကို ဝါးလုံးစိုက်ပြီး ရှာတာမှာ ပြန်တွေ့တာပါ” ဟု ၎င်းကဆက်လက်ပြောသည်။
ရေနစ်သေဆုံးသူအမျိုးသား၏အလောင်းအား ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်းကားဖြင့် ပြည်မြို့ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
2024 AFC U23 Asian Cup ခြေစစ်ပွဲတွင် မြန်မာအသင်း နှင့် ကာဂျစ္စတန်အသင်းတို့ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း