မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းမည့် တရုတ်လူကုန်ကူးဂိုဏ်းများကို ထိုင်းရဲတပ်ဖွဲ့ကြားဖြတ် ဖမ်းဆီး
Pika (NSS) - စက်တင်ဘာ ၅
ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရို(IB) သည် ပြီးခဲ့သည့်လများအတွင်း မြန်မာနိုင်ငံရှိ အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေ သောဂိုဏ်းများတွင် အလုပ်လုပ်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင်ခိုးဝင်လာသော တရုတ်နိုင်ငံသား(၂ဝ)ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
၎င်းတို့အားလုံးသည် တရုတ်နိုင်ငံမှ လည်ပတ်နေသော ဂိုဏ်းများအတွက် အလုပ်လုပ်ပေးနေသူများဖြစ်ကြောင်း ကမ္ဘောဒီးယားတွင် ဖြိုခွင်းမှုများရှိလာပြီးနောက် ၎င်းတို့ဂိုဏ်းများကို မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းလာခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် အွန်လိုင်းမှ တစ်ဆင့်လိမ်လည်နေသောဂိုဏ်းများကို ဖြိုခွင်းခြင်းများရှိလာခဲ့ပြီးနောက် တရုတ်ဂိုဏ်းများသည် ၎င်းတို့၏ လိမ်လည်မှုလုပ်ငန်းတွင် လုပ်ကိုင်နေသော တရုတ်နိုင်ငံသားများနှင့် ထိုင်းနိုင်ငံသားများကို မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းနေခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဗျူရို ကော်မရှင်နာ ဗိုလ်မှူးကြီး Pakphumpipat Sajjaphan နှင့် ၎င်း၏ လက်ထောက် ဗိုလ်မှူးကြီး Phanthana Nutchanart တို့က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် မတ်လမှ ဩဂုတ်လအတွင်း Mukdahan၊ Kalasin၊ Kamphaeng Phet၊ Ayutthaya နှင့် Nong Khai ပြည်နယ်တို့ရှိ လူကုန်ကူးဂိုဏ်းများတွင် အလုပ်လုပ်နေသော ထိုင်းနိုင်ငံသား(၅)ဦးနှင့် တရုတ်နိုင်ငံသား(၂ဝ)ဦးတို့ ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
၎င်းတို့အားလုံးသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် Tak ပြည်နယ် မဲဆောက်မြို့သို့ ဦးတည်သွား ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ Kalasin ပြည်နယ်တွင် ဖမ်းဆီးခံရသော တရုတ်နိုင်ငံသား(၃)ဦးက ၎င်းတို့သည် မြန်မာနိုင်ငံရှိ အွန်လိုင်းမှ တစ်ဆင့်လိမ်လည်နေသောဂိုဏ်းများတွင် အလုပ်လုပ်ကိုင်ရန်အတွက် သွေးဆောင် ဖြားယောင်းမှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် အွန်လိုင်းမှ တစ်ဆင့်လိမ်လည်နေသောဂိုဏ်းများကို ဖြိုခွင်းခဲ့ပြီးနောက် လာအို နှင့် မြန်မာ နိုင်ငံတို့သို့ ပြောင်းရွှေ့နေသည့်ဂိုဏ်းများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း Pakphumpipat Sajjaphan က ပြောကြား ခဲ့သည်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရို(IB) သည် အဝေးပြေး ရဲတပ်ဖွဲ့၊ ️Police Cyber Task Force ၊ လူကုန်ကူးမှုတားဆီးရေးဗဟိုဌာနတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်နေ ကြောင်း တစ်ရက်လျှင် အွန်လိုင်းအသုံးပြုကာ လိမ်လည်နေသည့်ဂိုဏ်းအတွက် အလုပ်လုပ်နေသူ လူပေါင်း (၁ဝဝ)ကျော် ဖမ်းဆီးနိုင်ခဲ့ ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်အောင်ဆန်းစုကြည်အကြောင်း နှပ်ကြောင်းပေးတဲ့ မီဒီယာတွေ၊ တိုင်းမှူးနဲ့အဖွဲ့ကို စိန်ခေါ်လိုက်တဲ့ Federal Wing၊ UEC နဲ့ ပါတီ(၃၆) ခု တို့ရဲ့ပွဲထဲက တွေးတောစရာများ (၅-၉-၂ဝ၂၃)
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း