လားရှိုးမြို့၌ ရေနစ်ပျောက်ဆုံးခဲ့သော လူငယ်၏ ရုပ်အလောင်းအား (၁ဝ)ရက်ကြာပြီးနောက် ပြန်လည်တွေ့ရှိ
စော(NSS) - ဩဂုတ်လ ၃၁
ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ ရေအေးချောင်းအတွင်း ရေနစ်သေဆုံးခဲ့သည့် လူငယ်အမျိုးသား၏ ရုပ်အလောင်းအား ဆယ်ရက်အကြာတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါကလေးငယ်သည် ပြီးခဲ့သည့် (ဩဂုတ်လ ၂၀ ရက်)တွင် လားရှိုးမြို့၊ရေအေးချောင်းတွင် ရေကစားစဉ် ရေနစ်သေဆုံးသွားကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအသင်းထံမှ သိရသည်။
ရေနစ်သေဆုံးသွားသော အမျိုးသား၏ရုပ်အလောင်းအား လားရှိုးမြို့၊ အီနိုင်းကျေးရွာအုပ်စု၊ အီနိုင်လုံကျေးရွာအတွင်းရှိ ချောင်းတစ်ခုရှိ ကမ်းစပ်၌ ယမန်နေ့(ဩဂုတ်လ ၃၀ ရက်) ညနေ (၆)နာရီဝန်းကျင်အချိန်တွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလောင်းတွေ့ရှိသည့် နေရာသည် တောနက်သည့်အပြင် ချောင်း၏အနက်သည်လည်း ဝါးတစ်ပြန်ကျော်နက်ခြင်းကြောင့် မီးအလင်းရောင်ရရှိမှုအားနည်းခြင်းတို့ကြောင့် အခက်အခဲများရှိခဲ့ကြောင်း အထက်ပါအသင်းထံမှ သိရသည်။
အလောင်းအား ဆက်ရက်အကြာမှ ပြန်လည်တွေ့ရှိခဲ့ခြင်းကြောင့် ရုပ်အလောင်းသည် ပျက်စီးနေခဲ့ပြီး သေဆုံးသူနောက်ဆုံးဝတ်ဆင့်ခဲ့သည့် ဘောင်းဘီအား မိသားစုများမှ အတည်ပြုခဲ့ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ သိရသည်။
သေဆုံးသူသည် အသက် (၁၈)နှစ်အရွယ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး လားရှိုးမြို့တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အလောင်းအား လားရှိုးမြို့ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အလားတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံအကွက် (၈)၊ စိုက်ပျိုးရေခြံဝင်းရှိ ရေကန်ထဲ၌ ယနေ့ (ဩဂုတ်လ ၃၁ရက်)၊ ညနေ (၅)နာရီဝန်းကျင်အချိန်တွင် လူငယ်တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှ်ငးအသင်းထံမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ သြဂုတ်လ ၃၁ ရက်အတွင်းဖြစ်ပွားခဲ့တဲ့ ပြည်တွင်းနှင့်ပြည်ပက သတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း