မြန်မာနိုင်ငံဆိုင်ရာ အရှေ့တီမော သံရုံးတာဝန်ခံကို နိုင်ငံအတွင်းကနေ ထွက်ခွာဖို့ မြန်မာအစိုးရ နှင်ထုတ်
ဂျန်ဇက် (NSS) - ဩဂုတ် ၂၇
မြန်မာအစိုးရဟာ အရှေ့တီမောအစိုးရတာဝန်ရှိသူများရဲ့ မကြာသေးမီက ပြုလုပ်ဆောင်ရွက်မှုများအပေါ် ကန့်ကွက်ဆန့်ကျင်ကြောင်းပြသမှုအဖြစ် မြန်မာနိုင်ငံဆိုင်ရာ အရှေ့တီမောသံရုံးရဲ့တာဝန်ခံကို နိုင်ငံအတွင်းက အမြန်ဆုံးထွက်ခွာဖို့ နှင်ထုတ်လိုက်ကြောင်း သိရပါတယ်။
ပေါ်တူဂီအခြေစိုက်သတင်းတွေရဲ့ဖော်ပြချက်အရ "မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံဆိုင်ရာ အရှေ့တီမော သံရုံးတာဝန်ခံ Mr. Avelino Fernandes Ximenes Pereira ကို စက်တင်ဘာ ၁ ရက်နေ့ထက် နောက်မကျဘဲ နိုင်ငံအတွင်းကနေ အမြန်ဆုံးထွက်ခွာဖို့ အကြောင်းကြားခဲ့တယ်" လို့ သိရပါတယ်။
အရှေ့တီမောသမ္မတ ဂျိုစ့်ရာမိုစ့်ဟော်တာက အရှေ့တီမောနိုင်ငံအနေနဲ့ သံရုံးတာဝန်ခံကို မြန်မာနိုင်ငံအတွင်းက ထွက်ခွာဖို့ နှင်ထုတ်ခံရခြင်းအပေါ် ဂုဏ်ယူသင့်ကြောင်း၊ နှင်ထုတ်ခံရမှုဟာ အရှေ့တီမောနိုင်ငံရဲ့လူအခွင့်အရေး ကာကွယ်မှုတွေကို တုံ့ပြန်ဆောင်ရွက်ခြင်းမျိုးဖြစ်ကြောင်း ပြောပါတယ်။
အရှေ့တီမောသမ္မတက "ဒါဟာ ကျွန်တော်တို့ ဂုဏ်ယူရတဲ့အခြေအနေတွေက တစ်ခုပါ။ စစ်အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချမှု၊ ရာဇဝတ်မှုတွေအပေါ် ပြစ်တင်ရှုတ်ချမှုအပြင် လူသားအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ပြစ်တင်ရှုတ်ချမှုတွေကြောင့် မြန်မာအစိုးရဟာ ကျွန်တော်တို့သံတမန်ကို နှင်ထုတ်ခဲ့တာမျိုးဖြစ်တယ်" လို့ ပြောပါတယ်။
အရှေ့တီမောနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရေးအခြေအနေများ ဖြေရှင်းနိုင်အောင် ကြိုးပမ်းနေတဲ့အာဆီယံအဖွဲ့ရဲ့ ရပ်တည်မှုများကို အားပေးထောက်ခံမှု ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း သမ္မတ ဂျိုစ့်ရာမိုစ့် ဟော်တာ က ပြောပါတယ်။
အရှေ့တီမောနိုင်ငံဟာ အာဆီယံအဖွဲ့အစည်းရပ်တည်ချက်နဲ့ ကွဲပြားမှုတွေရှိနေခဲ့ပြီး မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ခြင်းကို ပြစ်တင်ရှုတ်ချမှုတွေ ရှိနေခဲ့ကြောင်း သိရပါတယ်။ အရှေ့တီမောနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ အဖြစ်ပါဝင်ဖို့ ကြိုးပမ်းနေရာ လက်ရှိအချိန်မှာ အာဆီယံအဖွဲ့ရဲ့တင်းပြည့်အဖွဲ့ဝင်နိုင်ငံမဖြစ်သေးဘဲ ၂၀၂၂ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ပေးဖို့ မူအားဖြင့် သဘောတူညီမှုရရှိထားတဲ့အတွက် အာဆီယံအဖွဲ့ရဲ့အချို့ အစည်းအဝေးတွေကို တက်ရောက်လေ့လာခွင့်ရထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေးမြို့နယ်၌ ခရီးသည်တင်ကားအား KNU နှင့် PDF ပူးပေါင်းအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ခရီး သည်(၂)ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ