ကြေးစားတပ်ဖွဲ့ခေါင်းဆောင် ပရီဂိုဇင်နဲ့ အခြားခေါင်းဆောင်များ သေဆုံးရမှုအပေါ် ရုရှားသမ္မတပူတင် ထုတ်ဖော်ပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၂၅
ရုရှားကြေးစားတပ်ဖွဲ့ Wagner Group ခေါင်းဆောင်ပရီဂိုဇင်ဟာ ယူကရိန်းတပ်ဖွဲ့များကိုတိုက်ခိုက်ရာမှာ ကြီးမားတဲ့ကူညီထောက်ပံ့ပေးမှုများ လုပ်ဆောင်ခဲ့တဲ့ အရည်အချင်းပြည့်ဝသူဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ရုရှားကြေးစားတပ်ဖွဲ့ခေါင်းဆောင်နဲ့အတူ အခြားကြေးစားတပ်ဖွဲ့ခေါင်းဆောင်တွေ လိုက်ပါသွားတဲ့လေယာဉ်ဟာ ဇူလိုင် ၂၃ ရက်က ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်မှာ လိုက်ပါသွားသူ ၁ဝ ဦးစလုံး သေဆုံးခဲ့ကြောင်း ရုရှားမီဒီယာတွေက ဖော်ပြထားပါတယ်။
ပရီဂိုဇင် သေဆုံးမှုနဲ့ပတ်သက်ပြီး လက်ရှိအချိန်မှာ ထင်မြင်ချက်အမျိုးမျိုး ထွက်ပေါ်နေဆဲဖြစ်ကာ ရုရှားသမ္မတပူတင် နောက်ကွယ်က ပါဝင်ပတ်သက်နေကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
ရုရှားသမ္မတပူတင်က "ပရီဂိုဇင်ဟာ ရှုပ်ထွေးပွေလီတဲ့ ကံကြမ္မာရှိသူဖြစ်ပါတယ်။ သူရဲ့ဘဝမှာ အမှားတွေ လုပ်ဆောင်ခဲ့ဖူးသလို ရလဒ်ကောင်းတွေလည်း ရရှိခဲ့ဖူးသူဖြစ်ပါတယ်။ ပရီဂိုဇင်ဟာ ရုရှား၊ နိုင်ငံငံအပြင် အာဖရိကတိုက်မှာလည်း ရေနံ၊ ဓါတ်ငွေ့ နဲ့ အခြားကျောက်မျက်ရတနာတွေနဲ့ပတ်သက်ပြီး စီးပွားရေးလုပ်ကိုင်ရာမှာ အရည်အသွေးပြည့်ဝတဲ့ စီးပွားရေးသမားတစ်ဦးဖြစ်တယ်" လို့ပြောပါတယ်။
ပရီဂိုဇင်ဟာ အာဖရိကတိုက်ကပြန်လာချိန်မှာ ရုရှားအစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေရှိခဲ့ဖူးကြောင်း သမ္မတပူတင် က ပြောပါတယ်။
ပရီဂိုဇင်ဟာ Embraer အမျိုးအစားကိုယ်ပိုင်လေယာဉ်နဲ့ မော်စကိုမြို့ကနေ စိန့်ပီတာဘရက်မြို့ကို သွားရောက်ချိန်အတွင်း Tver ဒေသမှာ လေယာဉ်ပျက်ကျသေဆုံးခဲ့ရခြင်းဖြစ်ပါတယ်။
ရုရှားအစိုးရတာဝန်ရှိသူတွေဟာ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားသူတွေရဲ့ရုပ်အလောင်းကို စစ်ဆေးနေဆဲဖြစ်ပြီး ပရီဂိုဇင်ရဲ့ရုပ်အလောင်းကိုအခြား Wagner ကြေးစားတပ်ဖွဲ့ခေါင်းဆောင် ခြောက်ဦးရဲ့ရုပ်အလောင်းနဲ့အတူ ပြန်လည်တွေ့ရှိထားကြောင်း ဆိုပါတယ်။
Wagner ကြေးစားတပ်ဖွဲ့တွေဟာ ရုရှားစစ်တပ်ဗိုလ်ချုပ်ကြီးများကို ရာထူးက ဖြုတ်ချဖို့ ရည်ရွယ်ချက်နဲ့ ရုရှားအစိုးရကို လက်နက်ကိုင်ပုန်ကန်ခဲ့ပြီးနောက် ၂ လကျော်အကြာမှာ ပရီဂိုဇင်လိုက်ပါလာတဲ့ လေယာဉ်ပျက်ကျသေဆုံးခဲ့တာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြေပြိုပျက်စီးခဲ့သည့် အာရှလမ်းပိုင်းကို ပေ(၇ဝ)အရှည်ရှိ ဘေလီတံတား အစားထိုးပြုပြင်ပြီးဖြစ်၍ ကုန်တင်ကားများ စတင်ဖြတ်သန်းသွားလာနိုင်ပြီ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း