အင်မရန်ခန်းကို ဝန်ကြီးချုပ်ရာထူးက ဖြုတ်ချဖို့ အမေရိကန်အစိုးရ လုပ်ဆောင်ခဲ့
ဂျန်ဇက် (NSS) - သြဂုတ် ၁ဝ
အမေရိကန်အစိုးရဟာ အင်မရန်ခန်းကို ပါကစ္စတန်ဝန်ကြီးချုပ်ရားထူးကနေ ဖယ်ရှားဖို့ ဖိအားပေးခဲ့ကြောင်း The Intercept သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ယူကရိန်း နဲ့ ရုရှားကြားဖြစ်ပွားနေတဲ့စစ်ပွဲမှာ ကြားနေ နိုင်ငံအဖြစ် ရပ်တည်ချက်ကို နှစ်သက်မှုမရှိတဲ့အတွက် အမေရိကန်အစိုးရဟာ ဝန်ကြီးချုပ် အင်မရန်ခန်းကို ရာထူးက ဖယ်ရှားလိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အင်မရန်ခန်းဟာ ဝန်ကြီးချုပ် အဖြစ်တာဝန်ယူချိန်အတွင်း ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ကြားနေနိုင်ငံအဖြစ်ရပ်တည်နေခဲ့ကြောင်း သိရပါတယ်။
အဆိုပါ သတင်းဌာနဟာ ပါကစ္စတန်စစ်ဘက်သတင်းအရင်းမြစ်များထံက ရရှိတဲ့သတင်းအချက်လက်များအပြင် ပါကစ္စတန် နဲ့ အမေရိကန်အစိုးကြား လျှို့ဝှက်ဆက်ဆံရေးအချက်အလက်များကို ကိုးကားပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ၂ဝ၂၂ ခုနှစ် မတ်လ ၇ ရက်မှာ အမေရိကန်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါသတင်းဌာနက "အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဒေါ်နယ်လုဟာ ပါကစ္စတန်သံအမတ်ကြီးကို ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့တဲ့ ပါကစ္စတန်ရဲ့ရပ်တည်ချက်နဲ့ပတ်သက်ပြီးသတိပေးပြောဆိုခဲ့ပါတယ်။ စစ်ပွဲနဲ့ပတ်သက်ပြီး ပါကစ္စတန်ဝန်ကြီးချုပ်အင်မရန်ခန်းရဲ့မူဝါဒတွေကိုလည်း ပြစ်တင်ဝေဖန်ခဲ့တယ်" လို့ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး Asad Majeed Khan က "ယူကရိန်းစစ်ပွဲအတွင်း ပါကစ္စတန်ရဲ့ရပ်တည်ချက်တွေဟာ အစိုးရအဖွဲ့အတွင်း လုပ်ဆောင်ချက်ဖြစ်တယ်" လို့ ပြောပါတယ်။
အင်မရန်ခန်းဟာ ပြီးခဲ့တဲ့နှစ်မှာ ပါကစ္စတန်လွှတ်တော်အတွင်း အယုံကြည်မရှိအဆို တင်သွင်းခံရကာ ရာထူးကဖြုတ်ချခံခဲ့ရကြောင်း သိရပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံရဲ့ရပ်တည်ချက်နဲ့ပတ်သက်ပြီး အင်မရန်ခန်းဟာ အမေရိကန်အစိုးရတာဝန်ရှိသူများနဲ့ အငြင်းပွားမှုများ၊အပြန်အလှန်ဝေဖန်မှုများရှိခဲ့ကြောင်း သိရပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ အင်မရန်ခန်းကို အထီးကျန်ဖြစ်အောင် လုပ်ဆောင်နေတဲ့ အမေရိကန်ရဲ့ဦဆောင်မှုထဲကို ဥရောပတိုက်နိုင်ငံတွေလည်း ပူးပေါင်း ပါဝင်လာခဲ့ကြောင်း The Intercept သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အင်မရန်ခန်းကိုယ်တိုင်က ၎င်းကို ဝန်ကြီးချုပ်ရာထူးက ဖြုတ်ချမှုရဲ့နောက်ကွယ်မှာ အမေရိကန်အစိုးရ ပါဝင်နေကြောင်း ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မတ္တရာမြို့နယ်၌ ကျောင်းထိုင်ဆရာတော်တစ်ပါး ဓါးဖြင့် ရက်ရက်စက်စက် ခုတ်သတ်ခံခဲ့ရ၊ ဘာသာရေးအကြမ်းဖက်ခံနေရကြောင်း IBEC ဆရာတော် မိန့်ကြား
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ