မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့အဖွဲ့အစည်းအားလုံး ပြဿနာတွေကိုဖြေရှင်းလိုတဲ့ နိုင်ငံရေးဆန္ဒရှိဖို့ လိုအပ်ကြောင်း အင်ဒိုနီးရှားသမ္မတ ပြော
ဂျန်ဇက် (NSS) - သြဂုတ် ၈
မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့အဖွဲ့အစည်းအားလုံးဟာ နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းမယ်ဆိုတဲ့ နိုင်ငံရေးဆန္ဒရှိဖို့ လိုအပ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အာဆီယံအဖွဲ့တည်ထောင်ခြင်း ၅၆ နှစ်ပြည့်အခမ်းအနားမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အခုလိုမျိုးပြောဆိုလိုက်တာဖြစ်တယ်လို့ အင်ဒိုနီးရှားအခြေစိုက်သတင်းတွေက ဖော်ပြထားပါတယ်။ အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံရေးအခက်အခဲကို ဖြေရှင်းနိုင်အောင် ကြားဝင်ဆောင်ရွက်နေပြီး အာဆီယံသဘောတူညီချက်ငါးချက် ရရှိထားပေမယ့် မျှော်လင့်သလောက်တိုးတက်မှုမရှိဘဲဖြစ်နေကြောင်းဝေဖန်တာမျိုးတွေရှိနေပါတယ်။
မြန်မာနိုင်ငံရေးအခက်အခဲကို ဖြေရှင်းနိုင်ရေးကြိုးပမ်းမှုဟာ သုံးနှစ်ပြည့်ခါနီးနေပေမယ့် လက်ရှိအချိန်အထိ သိသာထင်ရှားတဲ့ တိုးတက်မှုမျိုးမရှိဘဲဖြစ်နေပါတယ်။ အင်ဒိုနီးရှားသမ္မတက "မြန်မာနိုင်ငံရေးပြဿနာဟာ စိန်ခေါ်မှုတွေ နဲ့ ပြည့်နှက်နေတာကို သတိထားမိပါတယ်။ မြန်မာနိုင်ငံရေးမှာ ပါဝင်တဲ့အဖွဲ့အစည်းအားလုံး နိုင်ငံရေးဆန္ဒရှိမယ်ဆိုရင် လက်ရှိအခက်အခဲပြဿနာတွေကို ဖြေရှင်းနိုင်ဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။
အာဆီယံအနေနဲ့ မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ဖို့အတူတကွ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ က ပြောပါတယ်။
၎င်းက "အာဆီယံဟာ ကြီးမားတဲ့သင်္ဘောကြီးတစ်စီးဖြစ်ပြီး ရှေ့ဆက်ရွှေ့နိုင်အောင်လုပ်ဆောင်ရမယ်။ဒီကြီးမားတဲ့သင်္ဘောကြီးဟာ ရွက်လွင့်မှုတွေ ဆက်လက်လုပ်ကိုင်ရမယ်" လို့ ပြောပါတယ်။
ဒါ့အပြင် အင်ဒိုနီးရှားသမ္မတဝီဒိုဒိုက မြန်မာနိုင်ငံရေးပဋိပက္ခကိုဖြေရှင်းနိုင်ဖို့ အချိန်ယူရဖွယ်ရှိနေတယ်လို့လည်း အဆိုပါအစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ဆက်လက်ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ဝီဒိုဒိုက "မြန်မာနိုင်ငံရေးပြဿနာဟာ အလွန်ခက်ခဲရှုပ်ထွေးတဲ့ပြဿနာပါ။ မြန်မာနိုင်ငံရေးအခက်အခဲဟာ အဖွဲ့အစည်းနှစ်ခုတည်းကြားဖြစ်နေတဲ့ ပဋိပက္ခမျိုးမဟုတ်ဘူး။ အဖွဲ့အစည်းသုံးခု ကနေ ငါးခုကြားဖြစ်နေတဲ့ပြဿနာမျိုးဖြစ်နေတယ်။ ဒါကြောင့် မြန်မာနိုင်ငံရေးအခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့ အချိန်ယူရဖွယ်ရှိနေပါတယ်။ မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့အဖွဲ့အစည်းအားလုံးဟာ ဒီပြဿနာကိုဖြေရှင်းလိုတဲ့ စိတ်ဆန္ဒအမှန်တကယ်ရှိဖို့ လိုအပ်တယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်(ကူမင်း)ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ပေါင်း (၁၀၀)ကျော် ပါဝင်ပြသမည်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း