ဟီယိုရှီးမားမြို့မှာ လူသိန်းချီသေဆုံးခဲ့ရတဲ့ အမေရိကန်လေတပ်ရဲ့ အဏုမြူဗုံးကြဲချခံရမှု ၇၈ နှစ်ပြည့် ဝမ်းနည်းအောက်မေ့ပွဲအခမ်းအနားများ ကျင်းပ
ဂျန်ဇက် (NSS) - သြဂုတ် ၆
ဂျပန်ပြည်သူတွေဟာ ကမ္ဘာစစ်ပွဲသမိုင်းမှာ လူသေဆုံးမှုအများဆုံးဖြစ်ရပ်ဖြစ်ခဲ့တဲ့ ဟီယိုရှီးမားမြို့ကို အဏုမြူဗုံး ကြဲချခံရမှု ၇၈ နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းမှတ်အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရပါတယ်။
သြဂုတ် ၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အောက်မေ့ဖွယ်အခမ်းနားဟာ ဟီယိုရှီးမားမြို့ကို အမေရိကန်နိုင်ငံလေတပ် က အဏုမြူဗုံးကြဲချခံရမှု ၇၈ နှစ်ပြည့် ကျင်းပခဲ့တာဖြစ်ပါတယ်။
ဂျပန်ပြည်သူတွေဟာ အဏုမြူဗုံးကြဲချခံရမှုကြောင့် သေဆုံးခဲ့သူတွေကို ဂုဏ်ပြုပေးဖို့ ဟီယိုရှီးမားမြို့ရှိ ငြိမ်းချမ်း ရေးအမှတ်တရ ပန်းခြံကို စုံရုံးရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။ ဟီယိုရှီးမားမြို့ကို အမေရိကန်စစ်တပ်က အဏုမြူဗုံး ကြဲချချိန်မှာ အသက် ၂ နှစ်အရွယ်သာရှိသေးတဲ့ အမျိုးသမီးတစ်ဦးက "အဏုမြူဗုံး ကြဲချခံရမှုကြောင့် သေဆုံးခဲ့ရတဲ့ ကျွန်မရဲ့မိဘ၊ ဆွေးမျိုးတွေကို လေးစားကြောင်းပြသဖို့ ကျွန်မဟာ အောက်မေ့ဖွယ်အခမ်းအနားကို ဆယ်စုနှစ်နဲ့ချီပြီး တက်ရောက်ခဲ့တယ်။ ကျွန်မဟာ လက်ရှိအချိန်မှာ အသက်အရွယ်ကြီးနေပါတယ်။ ဟီယိုရှီးမားမြို့ အပေါ် အမေရိကန်လေတပ်က အဏုမြူဗုံးကြဲချခံရမှု အောက်မေ့ဖွယ်အခမ်းအနားကို နောက်ထပ် ဘယ်လောက် ကြာ တက်ရောက်နိုင်မလဲဆိုတာ မသိသေးဘူး" လို့ ပြောပါတယ်။
ဟီယိုရှီးမားမြို့အပေါ် အမေရိကန်လေတပ်က အဏုမြူဗုံးကြဲချခံရမှုကို အမှတ်တရရှိနေကြောင်းပြသဖို့ ဟီယိုရှိးမားမြို့မှာ နေထိုင်နေသူအားလုံးဟာ သြဂုတ်လ ၆ ရက်က ၈ နာရီ ၁၅ မိနစ်မှာ တိတ်ဆိတ်ငြိမ်သက်ပေးခဲ့ကြောင်း သိရပါတယ်။
အဏုမြူဗုံးကြဲချခံရမှုကြောင့် ဟီယိုရှီးမားမြို့မှာ နေထိုင်နေသူ ၁၄ဝဝဝဝ ခန့် သေဆုံးခဲ့ရတဲ့အပြင် အသက်ရှင် လွတ်မြောက်ခဲ့သူတွေဟာ ကင်ဆာရောဂါအပြင် ဓါတ်ရောင်ခြည်ထိတွေ့မှုကြောင့် အခြားရောဂါများလည်း ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဟီယိုရှီးမားမြို့မှာ ကျင်းပတဲ့ အဏုမြူဗုံးကြဲချခံရမှု အောက်မေ့ဖွယ်အခမ်းအနားကို လူပေါင်း ၅ သောင်းခန့် တက်ရောက်ခဲ့ပြီး နိုင်ငံပေါင်း ၁ဝဝ ကျော်ရဲ့ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ဟီယိုရှိးမားမြို့မှာ အဏုမြူဗုံးကြဲချခံရမှုနဲ့ဆက်နွယ်ပြီး သေဆုံးသူများဟာ လက်ရှိအချိန်အထိ ရှိနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ အဏုမြူဗုံးကြဲချခံရမှုနဲ့ ဆက်နွယ်ပြီး ဓါတ်ရောင်ခြည်သင့်မှုကြောင့် လူပေါင်း ၅၃၂ဝ ဦး ထပ်မံ သေဆုံးခဲ့ရာ အဏုမြူဗုံးကြဲချခံရမှုကြောင့် လူပေါင်း ၃၃၉၂၂၇ ဦးရှိခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လဲချားမြို့၌ ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော SSPP နှင့် တပ်မတော်တို့ကြား ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ဟုဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ