လဲချားမြို့၌ ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော SSPP နှင့် တပ်မတော်တို့ကြား ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ဟုဆို
NSS - သြဂုတ် ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်အတွင်း၌ ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော SSPP/SSA နှင့် တပ်မတော်တို့အကြား ပြင်းထန်စွာတိုက်ပွဲဖြစ်သွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါတိုက်ပွဲသည် ယနေ့(သြဂုတ် ၆ ရက်) နံနက် ၆ နာရီအချိန်ခန့်တွင် လဲချားမြို့နယ်၊ ဟိုင်းဆိုင်ကျေးရွာအုပ်စုအတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၏ တပ်စခန်းအနီးတွင် ဖြစ်ပွားခဲ့ကြောင်း SSPP က ထုတ်ပြန် ထားသည်။
၎င်း SSPP/SSA ၏ တပ်စခန်းကို တပ်မတော်ဘက်က အင်အား (၇ဝ)ခန့်ဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက် အကြားတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် SSPP/SSA အဖွဲ့သည် ယနေ့ နံနက် ၇ နာရီခွဲအချိန်တွင် လဲချားမြို့နယ် မန်ဆေကျေးရွာအုပ်စု၊ မက်လန်းရွာ ၌ တပ်ဆွဲထားသည့် တပ်မတော်၏ ခမရ(၅၇၃)ကို ပြန်လည်သွားရောက် တိုက်ခိုက်ခဲ့သည်ဟုလည်း ထပ်မံ ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ သွားရောက်တိုက်ခိုက်စဉ် နှစ်ဖက်အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများနှင့်ပတ်သက်၍ နစကဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမျိုး မရှိသေးပေ။
ပြီးခဲ့သော ဇွန်လ ပထမပတ်အတွင်း၌ တပ်မတော်သည် လဲချားမြို့နယ်အတွင်းရှိ SSPP/SSA ၏ တပ်စခန်း (၁ဝ) ခု ကို ဆုတ်ခွာပေးရန် သတိပေးတောင်းဆိုမှုများ ရှိခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ တပ်မတော်၏ သတိပေးတောင်းဆိုမှုအပေါ် SSPP/SSA ဘက်က တပ်စခန်းများကို ဆုတ်ခွာပေးနိုင်ခြင်း မရှိကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။
လက်ရှိတွင် တပ်မတော်နှင့် SSPP/SSA တို့အကြားတွင် လဲချားမြို့နယ်၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိနေသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) သည် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်ခဲ့သော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။
ထို့ပြင် ပြီးခဲ့သော ဇူလိုင် ၂ဝ ရက်နှင့် ၂၁ ရက်တို့တွင် SSPP/SSA အဖွဲ့အပါအဝင် UWSP၊ NDAA တို့ (၃)ဖွဲ့သည် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တစ်လကျော်ကြာပျောက်ဆုံးနေသော မြန်မာမိသားစုကို အမြန်ဆုံး ပြန်လည်တွေ့ရှိရန် အရှိန်မြင့်လုပ်ဆောင်စေလိုကြောင်း Amnesty International တိုက်တွန်းတောင်းဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ