ပိတ်ဆို့အရေးယူမှုများခံရသော်လည်း ရုရှားက ဥရောပတိုက်တွင် အကြီးဆုံးစီးပွားရေးနိုင်ငံတစ်ခုဖြစ်လာ
Pika (NSS) - ဩဂုတ် ၅
အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများရှိနေသော်လည်း ဝယ်လိုအားတန်းတူညီမျှမှု(PPP) အရ (၂၀၂၂)ခုနှစ်ကုန်တွင် ရုရှားနိုင်ငံသည် ကမ္ဘာ့အကြီးဆုံးစီးပွားရေး ငါးနိုင်ငံစာရင်းတွင် ပါဝင်ခဲ့ပြီး ဥရောပတွင် အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာခဲ့ကြောင်း နောက်ဆုံးထွက်ရှိထားသော ကမ္ဘာ့စီးပွားရေးအစီရင်ခံစာအရသိရသည်။
ကမ္ဘာ့ဘဏ် နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)တို့မှ ထုတ်ပြန်သော တရားဝင်စာရင်းအချက် အလက်များအရ ပြီးခဲ့သည့်နှစ်ကုန်တွင် ရုရှားနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန်သည် PPP သတ် မှတ်ချက်တွင် အမေရိကန်ဒေါ်လာ(၅ ဒသမ ၅၁)ထရီလျံထိရှိခဲ့ကြောင်းသိရသည်။ အဆိုပါကိန်းဂဏန်းသည် တရားဝင်ခန့်မှန်းထားသည့် အမေရိကန်ဒေါ်လာ(၃ ဒသမ ၉၉၃)ထရီလျံထက် (၃၈)ရာခိုင်နှုန်း ပိုမိုများပြားနေကြောင်း အစီရင်ခံစာထဲတွင်ဖော်ပြခဲ့သည်။
ဝယ်လိုအားတန်းတူညီမျှမှု(PPP) အရ ရုရှားနိုင်ငံ၏ စီးပွားရေးသည် ဂျာမနီနိုင်ငံ စီးပွားရေးထက်သာလွန်သည်ကို ပြသနေကြောင်းသိရသည်။ ကမ္ဘာ့အကြီးဆုံးစီးပွားရေးနိုင်ငံများတွင် တရုတ်နိုင်ငံက ထိပ်ဆုံးတွင် ရပ်တည်နေပြီး အမေရိကန်၊ အိန္ဒိယ နှင့် ဂျပန်တို့က တရုတ်နိုင်ငံ၏နောက်တွင်ရှိနေကြောင်းသိရသည်။
ထို့ပြင် ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံ(၁၀)နိုင်ငံထဲတွင် အင်ဒိုနီးရှား၊ ဘရာဇီး နှင့် တူရကီတို့လည်းပါဝင်ကြောင်းသိရသည်။ IMF နှင့် ကမ္ဘာ့ဘဏ်တို့သည် ရုရှားစီးပွားရေးအတွက် ၎င်းတို့၏ခန့်မှန်းချက်များကို မကြာသေးမီကထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ရုရှားနိုင်ငံသည် ပိတ်ဆို့အရေးယူမှုများကို ခံနေရသော် လည်း ခိုင်မာသောကုန်သွယ်မှု၊ စက်မှုထုတ်ကုန်များနှင့် စွမ်းအင်ဝင်ငွေတို့ကြောင့် ရုရှားနိုင်ငံ၏ GDP မှာ ဆက်လက်ကြီးထွားလာနိုင်ဖွယ်ရှိနေကြောင်း IMF နှင့် ကမ္ဘာ့ဘဏ်တို့က ခန့်မှန်းထားကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဇူကာဘတ်နှင့်တိုက်ခိုက်ရန်အတွက် လေ့ကျင့်ပေးရန် အီလွန်မတ်၏တောင်းဆိုမှုကို UFC ချန်ပီယံဟောင်း ပယ်ချ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း