စင်ကာပူဝန်ကြီးချုပ်ရဲ့ညီဖြစ်သူကို တရားစွဲသွားမယ်လို့ စင်ကာပူအစိုးရအဖွဲ့ဝန်ကြီးနှစ်ဦး သတိပေး
ဂျန်ဇက် (NSS) - ဇူလိုင် ၃ဝ
စင်ကာပူပြည်ထဲရေးဝန်ကြီး K. Shanmugam, နဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယမ်ဘလာကရစ်နန်က စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းရဲ့ညီဖြစ်သူ Mr Lee Hsien Yang ကို တရားစွဲဆိုသွားမယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။
စင်ကာပူဝန်ကြီးချုပ်ရဲ့ညီဖြစ်သူက ပြည်ထဲရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့နှစ်ဦးကို အကျင့်ပျက်လာဘ်စားမှုတွေရှိတယ်လို့ပြောဆိုပြီး အသရေပျက်စေခဲ့တဲ့အတွက် တရားစွဲဖို့ ရှေ့နေထံအသိပေးအကြောင်းကြားစာပေးပို့ထားကြောင်း သိရပါတယ်။
စင်ကာပူပြည်ထဲရေးဝန်ကြီး နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့နှစ်ဦးက Mr Lee Hsien Yang ဟာ သူရဲ့မှတ်ချက်စကားနဲ့ပတ်သက်ပြီး ပြန်လည်တောင်းပန်ဖို့ နဲ့ ပရဟိတရန်ပုံငွေအဖွဲ့တွေထံ ငွေကြေးလှူဒါန်းရမယ့် နစ်နာကြေးမျိုးမပေးဘူးဆိုရင် တရားစွဲဆိုသွားမှာဖြစ်ကြောင်း ပြောပါတယ်။
စင်ကာပူပြည်ထဲရေးဝန်ကြီးက "Mr Lee Hsien Yang ရဲ့ပြောဆိုချက်တွေက မှားယွင်းတယ်၊ မှန်ကန်မှုမရှိဘူး" လို့ ပြောပါတယ်။
စင်ကာပူမြေယာအာဏာပိုင်အဖွဲ့ဟာ စင်ကာပူပြည်ထဲရေးဝန်ကြီး နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ရဲ့အိမ်တွေကိုပြင်ဆင်ပေးခဲ့သလို ခွင့်ပြုချက်မရှိဘဲ သစ်ပင်စိုက်ပျိုးပေးမှုတွေလုပ်ဆောင်ခဲ့ကြောင်း
စင်ကာပူဝန်ကြီးချုပ်ရဲ့ညီဖြစ်သူက စွပ်စွဲပြောထားပါတယ်။
စင်ကာပူအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အေဂျင်စီအနေနဲ့လည်း အဆိုပါဝန်ကြီးနှစ်ဦးကို အကျင့်ပျက်ခြစားမှုနဲ့ အမှုဖွင့်ရမှာဖြစ်သလို နိုင်ငံတော်ပိုင် တန်ဖိုးကြီးရှေးဟောင်းအိမ်နှစ်အိမ်ကို ငှားရမ်းနေထိုင်ခြင်းအပြင် ငှားရမ်းနေထိုင်တဲ့အိမ်တွေရဲ့ လက်ရှိဈေးကွက်ပေါက်ဈေးနဲ့ ငှားရမ်းကိစ္စကို လူသိရှင်ကြားရှင်းပြပေးစေလိုကြောင်း မကြာသေးမီက လူမူကွန်ရက်မှာ ပိုစ့်တင်ခဲ့ကြောင်း သိရပါတယ်။
ဒါပေမယ့် စင်ကာပူပြည်ထဲရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့က "Mr Lee Hsien Yang ဟာ သူရဲ့ပြောဆိုချက်တွေကို ပြန်ရုတ်သိမ်းပေးဖို့ လိုအပ်တယ်။ ပြီးတော့ သူရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး ပြန်တောင်းပန်ရမယ်။ အဲဒီလိုမျိုးမလိုက်နာဘူးဆိုရင် တရားစွဲသွားမယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မာရဝိဇယရုပ်ပွားတော် အနေကဇာတင်ပွဲသို့ ကြွရောက်ရန် ရုရှားအပါအဝင် (၉)နိုင်ငံမှ ဆရာတော်များ ရန်ကုန်သို့ ရောက်ရှိ၊ မနက်ဖြန် နေပြည်တော်သို့ ပင့်ဆောင်မည်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ