တိုင်းရင်းသားလက်နက်ကိုင်(၃)ဖွဲ့ နှင့် နစက၏ NSPNC တို့ အပြီးသတ်ရရှိလာသည့်သဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုး
ရဲပြည့် (NSS) - ဇူလိုင် ၂၂
“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် (၃) ဖွဲ့ နှင့် နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ NSPNC တို့သည် ဒုတိယနေ့အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အပြီးသတ် ရရှိလာသည့် သဘောတူညီချက်များအား လက်မှတ်ရေးထိုးခဲ့သည်။
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၂၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ် ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပထမအကြိမ်ဆွေးနွေးပွဲကို ဇူလိုင်လ ၂ဝ ရက်တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ယခင်ဆွေးနွေးခဲ့စဉ်က သဘောတူခဲ့ သည့်အကြောင်းအရာများအား ဆက်လက်အကောင်အထည်ဖော်ရေး၊ ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေး၊ ဒေသ အတွင်းငြိမ်းချမ်းရေး နှင့် EAOs (၃)မှ ဆွေးနွေးလိုသည့်အကြောင်းအရာကို လက်ခံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် ၂ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထားများအား ထပ်မံဆွေးနွေးကြပြီး အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ကြကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် နစက၏အဖွဲ့ဝင်များ နှင့် “ဝ” ပြည်သွေးစည်း ညီညွတ်ရေး ပါတီ (UWSP) မှ ဒုဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) မှ ဒုဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) မှ ဗဟိုကော်မတီဝင်စဝ်ဆေပိုင်ဖနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ် များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဈေးတက်လာသည့်စက်သုံးဆီဈေး ယခုလအတွင်း 92 တစ်လီတာ ၂၂ဝဝ ကျပ်ဝန်းကျင် ရောက်ရှိလာ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း