မန္တလေးတွင် အသက်(၂၇)နှစ်အရွယ် အမျိုးသားတစ်ဦး မူးယစ်ဆေးထိုးသွင်းစဉ် သေဆုံး
စော (NSS) - ဇူလိုင် ၅
မန္တလေးတိုင်း၊ မန္တလေးမြို့တွင် အသက်(၂၇)နှစ်အရွယ် အမျိုးသားတစ်ဦး မူးယစ်ဆေးထိုးသွင်းစဉ် သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့်(ဇူလိုင်လ ၃ ရက်)၊ ည (၈)နာရီဝန်းကျင်အချိန်တွင် မန္တလေးမြို့၊ (36) x (37) / 85D လမ်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း မဏီစလလူမှုကူညီရေးအသင်း(မန္တလေးမြို့)ထံမှ သိရသည်။
အဆိုပါအမျိုးသားသည် မူးယစ်ဆေးထိုးသွင်းအသုံးပြုချိန်တွင် သေဆုံးခဲ့ခြင်းကြောင့် အနီးရှိပြည်သူများမှ ဖုန်းဆက်အကူအညီတောင်းခံလာသည့်အတွက် သွားရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း မဏီစလလူမှုကူညီရေးအသင်းက ထုတ်ပြန်ထားသည်။
“ အုတ်ရေတွင်းကို မှီပြီးတော့ ဆေးထိုးအပ်ကဘေးမှာကျနေပြီ။ အဲဒီပုံစံနဲ့သူ့ကို တွေ့တာပါ။ သူ့ဘေးမှာတော့ ဆေးထိုးအပ်တစ်ချောင်းနဲ့ သူ့အင်္ကျီတစ်ထည်တွေ့ပါတယ်။ သူကတစ်ယောက်ထဲနေတာ ကြာပါပြီ”ဟု မဏီစလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးသူအမျိုးသားသည် ကိုထွန်းထွန်းဝင်း (၂၇)နှစ်ဖြစ်ပြီး အဆိုပါလမ်းရှိ ဓမ္မာရုံဘေးတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။
၎င်း၏ရုပ်အလောင်းအား မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇူလိုင်လ ၅ ရက်အတွင်း ထူးခြားဖြစ်စဥ် သတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း