လယ်ဝေးမြို့မရဲစခန်းအား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်သူ အကြမ်းဖက်(၂)ဦးအား ဖမ်းဆီးရမိဟုဆို
Pearl (NSS) - ဇွန် ၁၃
လယ်ဝေးမြို့မရဲစခန်းအား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်သူ အကြမ်းဖက် (၂)ဦးအား ဖမ်းဆီးရမိကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သော သတင်းအရင်းအမြစ်များထံမှ သိရသည်။
ယမန်နေ့ (ဇွန်လ ၁၂ ရက်)၊ ညနေပိုင်းတွင် လယ်ဝေးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ လယ်ဝေးမြို့မရဲစခန်းအား အကြမ်းဖက်အမျိုးသား(၂)ဦးမှလက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်မှုကြောင့် ရဲတပ်သား တစ်ဦး သေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
ထိုသို့ဖြစ်ပွားခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စုံစမ်းရှာဖွေ စစ်ဆေးခြင်းများ ပြုလုပ်ရာ ယနေ့ (ဇွန်လ ၁၃ ရက်)၊ နံနက်(၇)နာရီ အချိန်ခန့်တွင် အကြမ်းဖက်အမျိုးသား (၂)အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်သမား (၂) ဦးသည် လယ်ဝေးမြို့နယ်၊ အောင်းကြီးကုန်းကျေးရွာတွင် နေထိုင်သူ သက်နိုင်(၄ဝ နှစ်) နှင့် ဇမ္ဗူသီရိမြို့နယ်နေ ရန်နိုင်ထွန်း (၃၃ နှစ်) တို့ဖြစ်ပြီး ၎င်းတို့အား နေပြည်တော်၊ ပျဉ်းမနား၊ ကင်ပွန်းတန်းဈေးအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇွန်လ ၁၃ ရက်အတွင်း ဖြစ်ပွားခဲ့သော ထူးခြားသတင်းများအား တင်ဆက်ခြင်း
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း